ကျောက်ကြီးမြို့နယ်၌ KNU အကြမ်းဖက် PDF အဖွဲ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲ၍ ကလေး (ကျား) ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှု 

၂၀၂၃ ၊ မတ် ၄
ယမန်နေ့ (မတ် ၃)ညနေ ၅နာရီအချိန်တွင် ကျောက်ကြီးမြို့နယ် နမစမှူး(မုန်း)အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ သာစည်ကျေးရွာ နေသူများဖြစ်သည့် ဦးညိုလုံး(ခ)အေးမင်းစိုး(၄၃)နှစ်နှင့် နေသူမင်း (၁၃)နှစ်သည် နွားကျောင်းရန် နေအိမ်မှ ထွက်ခွာခဲ့ရာ သာစည်ကျေးရွာ၏ အရှေ့ဘက် ၆ ဖာလုံခန့်အကွာ ဒေသအခေါ် ယော်ချောင်းအရောက်၌ KNU သကသ/ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် မိုင်းအား နေသူမင်း မှ နင်းမိပေါက်ကွဲခဲ့ရာ နေသူမင်း တွင် ယာဒူးအောက်ပြတ်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်နှင့် ဝဲလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ပြီး ဦးညိုလုံး(ခ)အေးမင်းစိုး တွင် ဝမ်းဗိုက်၊ ဝဲ/ယာလက်၊ ဝဲ/ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ဦးညိုလုံး(ခ)အေးမင်းစိုးအား သာစည် ကျေးရွာမှ ပြည်သူများက မုန်းတိုက်နယ် ဆေးရုံသို ပိုဆောင်ခဲ့ပြီး ထိုမှ  ဖြူးမြိုနယ် ပြည်သူ့ဆေးရုံသို လွှပြောင်းခဲ့ကြောင်းနှင့် သေဆုံးသူ နေသူမင်း၏ အလောင်းအား သာစည်ကျေးရွာရှိ ၎င်း၏နေအိမ်သို ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.