မဲဆန္ဒရှင် အသိပညာပေးမှုကို ယခင် ရွေးကောက်ပွဲကာလများထက် ပို၍ အားစိုက်လုပ်ဆောင်ကြရမည်ဟု နိုင်ငံရေးပါတီများပြော

ရန်ကုန်၊ သြဂုတ် ၁၃
    လာမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ်ဆိုင်ရာ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုပုံနှင့် စက်ခလုတ်ဖြင့် မဲပေးပုံများစသည့် မဲဆန္ဒရှင်အသိပညာပေးမှုကို ယခင်ရွေးကောက်ပွဲကာလများထက် ပို၍အားစိုက် လုပ်ဆောင်ကြရမည်ဟု နိုင်ငံရေးပါတီများမှ  ပြောသည်။
    "ရွေးကောက်ပွဲစနစ်တွေ ပြောင်းလဲသွားတဲ့အပေါ် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ လက်ပွန်းတတီး ဖြစ်အောင်၊ လိုက်လျောညီထွေမှုရှိအောင်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အားစိုက်ပြီး လုပ်ကြရမှာပါ။ နဂိုထက်ပိုပြီး လုပ်ကြရမှာပါ။ မဲပေးစက်အကျွမ်းတဝင်ရှိဖို့ လိုတယ်။ PR နဲ့ FPTP အရောစနစ် ကျင့်သုံးမှာက မဲဆန္ဒရှင်တွေအတွက် စာအုပ်အသစ်လို ဖြစ်နေတာကိုး။ စာအုပ်အသစ်လို ဖြစ်နေတော့ အဲဒီစာအုပ်ကို ရင်းနှီးအကျွမ်း တဝင်ဖြစ်အောင် အသိပညာပေးကြရမှာပါ"ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး စောကြည်လင်းက ပြောသည်။
    ရွေးကောက်ပွဲစနစ် အပါအဝင် မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင် (MEVM) တွယ် အသုံးပြုပုံတို့နှင့်ပတ်သက်၍ ပါတီဝင်တချို့ပင် ဝေေ၀ဝါးဝါး ဖြစ်နေကြ၍ လူထုအသိပညာပေးမှုများစွာ ပြုလုပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
    "အသိပညာပေးမှုက အများကြီးလုပ်ရမယ်။ ပြည်သူတွေမဆိုထားနဲ့ နိုင်ငံရေးပါတီက လူတချို့တောင် ဝေေ၀ဝါးဝါးဖြစ်နေကြတာ။ မဲပေးတယ်ဆိုတာက မဲဆန္ဒရှင်တွေ ကပေးရတာ။ မဲဆန္ဒရှင်တွေကို အသိပညာ ပေးဖို့မပြောနဲ့၊ နိုင်ငံရေးပါတီတွေတောင်မှ Voter Education မဲပေးရမယ့်စနစ်နဲ့ မဲပေးရမယ့် လုပ်နည်းလုပ်ဟန်နဲ့ ပတ်သက်ပြီးတော့ တစ်ခါမှမပေးဖူးတဲ့စနစ်ကို ဖြတ်သန်းရမှာဆိုတော့ အသိပညာ ပေးမှုတွေ အများ ကြီးလုပ်ရမှာပါ"ဟူ၍ ၎င်းက ပြောသည်။
    လာမည့် ရွေးကောက်ပွဲတွင်  တစ်နိုင်ငံလုံး မဲရုံအားလုံး၌ အီလက်ထရော နစ်မဲပေးစက်များ အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း သင်တန်းများကို တိုင်းဒေသကြီး ပြည်နယ်အလိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည်။ အလားတူ မဲဆန္ဒရှင်ပြည် သူများ မဲပေးစက်နှင့် ကျွမ်းကျင်စွာ မဲပေးနိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ထိ သရုပ်ပြလေ့ကျင့်သင်တန်းများ ဆောင်ရွက်နေပြီး မီဒီယာမှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။ ညီသစ်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49357

© 2022 - 2025 News. All Rights Reserved.