ပစ္စန္တရစ်အရပ်က တော်လှန်ရေး

၂၀၂၅ ၊ အောက်တိုဘာ ၃၁

    ဗုဒ္ဓဘုရားရှင် ဟောကြားသည့် တရားတော်များအနက် ရပ်ပြစ်ရှစ်ပါးတွင် ပစ္စန္တရစ်အရပ်ကို အဓိ ပ္ပာယ်ဖွင့်ဆိုရာ၌ လူ့အရိုင်းအစိုင်းများ နေထိုင်ရာအရပ်၊ တောတောင်အကြား အစွန်အဖျားအရပ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထပ်မံ၍ ထိုအရပ်ကို ကုသိုလ်ကောင်းမှုမပြု နိုင်သည့်အရပ်၊ တရားအားထုတ် ခွင့်မရနိုင်ခြင်းကြောင့် အပြစ်ဖြစ်သည့်အရပ်၊ အမြင်အယူဝါဒမှားသူများ နေထိုင်ရာအရပ်၊ အမှန်တရားကို နားလည်နိုင်သည့် ဉာဏ်မရှိသူများ ရှိသည့်အရပ်၊ ခွန်အားကြီးသူက ကြီးနိုင်ငယ်ညှဉ်း အနိုင်ယူ သတ်ဖြတ် စားသောက်ကြသည့် တောရိုင်းဥပဒေကြီးစိုးသည့် အရပ်ဟု သတ်မှတ်ထားပြီး မနေထိုင်သင့်သော အရပ်များဟု ဆိုထားသည်။
    ယခုဆိုလျှင် နိုင်ငံတော်သည် ပြန်လည်တည် ဆောက်ရေးအတွက် နိုင်ငံရေးစနစ် လမ်းကြောင်း မှန်ပေါ်သို့တက်ကာ ခရီးနှင်ရန် ခြေလှမ်းစတင်တော့မည် ဖြစ်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် လက်ရှိအစိုးရက ပခုံးပြောင်းတာဝန်ပေးရန် အသင့်အနေအထား ရှိနေပြီ ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ပထမအကြိမ် ကျင်းပမည့်ရွေး ကောက်ပွဲသည် နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းခြင်းပင်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် အာဏာရှင်နိုင်ငံရေးကို တည်ဆောက်ရန်အတွက် မသမာသော နည်းမျိုးစုံသုံးကာ ဒီမိုကရေစီကို ပုံဖျက်ခဲ့ကြသဖြင့် ဒီမိုကရေစီ သမိုင်း၏ အမည်းစက်ဖြစ်ခဲ့ရသည်။ထိုအမည်းစက်ကို တပ်မတော်က မသိကျိုးကျွန်ပြုခဲ့ပါက ဒီမိုကရေစီ ကို ပုံဖျက်ခဲ့သော ကြံရာပါအဖြစ် မှတ်တမ်းဝင်ခဲ့မည် ဖြစ်သည့်အတွက် နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ တိုင်းပြည်တာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ ထိုအပြောင်းအလဲကို နိုင်ငံရေးအရ အပြောင်းအလဲ (သို့မဟုတ်) နိုင်ငံရေး အကျပ်အတည်းတစ်ခုဟု သတ်မှတ်နိုင်သော် လည်း အခြေခံအရင်းအမြစ်ဖြစ်သော ရွေးကောက်ပွဲ မဲမသမာမှုကို ယနေ့ချိန်ထိ တာဝန်ယူတာ ဝန်ခံသူ မရှိဘဲ တိုင်းပြည်ကို ပွဲဆူစေသော လုပ်ရပ်များဖြင့်သာ ပြည်ဖုံးကားချနေကြသည်။ ၎င်းတို့၏ မသမာမှုလုပ်ရပ်များကို တော်လှန်ရေးအမည်တပ်ကာ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းခဲ့ရာမှာ နိုင်ငံ၏ အချို့အစိတ်အပိုင်းများတွင် ပစ္စန္တရစ်အရပ်များအဖြစ် ယနေ့ကာ လတွင် ထင်ရှားပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
    မကြာသေးမီရက်ပိုင်းက အညာဒေသတစ်ခုက ရုပ်သံဖိုင်သုံးခု လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။ စကားအပြောအဆိုအရ အညာသူအညာသားတို့ ဖြစ်မှန်း သိသာစေပြီး ရွာတွင်း လာရောက်အခြေ ချမည့် PDF အကြမ်းဖက်အဖွဲ့များကို မောင်းထုတ်နေသည့် မြင်ကွင်းများကိုမြင်တွေ့ရသည်။ အဆိုပါ ရုပ်သံဖိုင်တစ်ခုတွင် အမျိုးသားတစ်ဦးက "ဒီအတိုင်းတော့ ရွာမှာမထားခဲ့နဲ့ဗျာ ခေါ်သာသွား ဒီမှာတော့ မထားခဲ့နဲ့၊ ဘယ်သူ့မှ မထားခဲ့နဲ့ ကျွန်တော်တို့က သူတို့ကိုကြောက်နေရတာ၊ စစ်တပ်ကို မကြောက်ရဘူး။ သူတို့ကို ကြောက်နေရတာ။ ကျွန်တော်တို့ ကောင်း ကောင်းမအိပ်ရတာ ကြာပြီ။ အချိန်မရွေး သေနတ် ထဖောက်လိုက်၊ မိုင်းခွဲလိုက်လုပ်နေတာ။ မရဘူး။ အကုန်လုံးသာ မသွား။ PDF စိုးမိုးနယ်မြေမှာ PDF ကို ကြောက်နေရတယ်။ ပြည်သူတွေဆူညံရင် ပြည်သူတွေကို ထိပ်တုံးခတ်တယ်။ သူတို့ကြတော့ မူးရူးသောက်စားပြီး ဆဲနေတာကြတော့ ဘယ်သူမှ မပြောရဲဘူး။ ကျွန်တော်တို့ ပြည်သူတွေကို ငဲ့ကြည့်ဦး။ ကျွန်တော်တို့ ဘယ်လိုမှမနေရဲဘူး။ ရှောင်တိမ်းနေရတာ အခုရွာမှာ ယောက်ျားလေး နည်းနေတာသာကြည့်၊ အကုန်ပြေးရတာ။ ဘယ်သူမှ မနေရဲဘူး။ ခံထားရတာလည်း တွက်ကြည့်ဦး။ ကျွန်တော်တို့ ပြည်သူတွေ မျက်နှာကို ငဲ့သွားပါဦး။ ကျွန်တော်တို့မှာ လက်နက်မပြောနဲ့ ယမ်းမှုန့်တောင်မရှိဘူး။ သူတို့က တဖောက် ဖောက်နဲ့ပစ်လိုက်ရင် ပြည်သူတွေက ဘာမှလုပ်မရတော့ဘူး"ဟု အော်ဟစ်ပြောဆိုမောင်းထုတ်နေပုံကို တွေ့မြင်ရသည်။
    ဒုတိယ ရုပ်သံဖိုင်တစ်ခုတွင် "အချိန်တွေ တအားကို ကြာလွန်းတယ်။ နေတိုင်း ရွာထဲ သေနတ်ဝင်ဖောက်တယ်၊ ပစ်တယ်၊ ပြည်သူမှာ ဘာမှမရှိဘူး။ စစ်ကြောင်းလာရင်တော့ ဆုတ်ပြေးကြတာ။ စစ်ကြောင်းလာရင် ကင်းတောင်မစောင့်ရဲဘူး။ ပြည်သူတွေ ကင်းစောင့်ရတယ်။ မင်းတို့အဖွဲ့ကို ဒီရွာက ကျွေးထားတာ ခြေမနဲ့ ကလော်ထုတ်ရင် ထွက်တယ်။ မင်းတို့ကောင်တွေ ခွေးသာသာပဲ ရှိတယ်။"
    "စားနပ်ရိက္ခာတင်မကဘူး အဝတ်အစားဖိုး တွေကအစ သူတို့အတွက် အကုန်လိုက်လုပ်ပေးနေရတာ။ ပြည်သူ့ငွေကို သုံးချင်သလိုသုံးမှာပဲဆိုတဲ့ ဆန္ဒပဲရှိတယ်သူတို့မှာ"ဟု အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပြောကြားထားပြီး ရုတ်ချည်းဆိုသလို အကြမ်းဖက်လက် နက်ကိုင်လူတစ်စုကို ရွာသားများက ရိုက်နှက်မောင်းထုတ်နေသည့် မြင်ကွင်းနှင့် အကြမ်းဖက်လက်နက်ကိုင်များက သေနတ်ပစ်ဖောက် သည့် မြင်ကွင်းနှင့် အဆုံးသတ်သွားခဲ့သည်။
    အထက်ပါ ရုပ်သံဖိုင်များအရ ကာလကြာရှည်လာသည်နှင့်အမျှ ပြည်သူများ တော်လှန်ရေးဆိုသည့်အရာကို ရွံမုန်းလာခဲ့ပြီး လက်နက်အားကိုးဖြင့် ပြန်လည်စော်ကားခံရမှုကို မခံနိုင်သည့်အဆုံး ၎င်းတို့ ကိုယ်တိုင် ပျိုးခဲ့သည့်အပင်များကို ၎င်းတို့ကိုယ်တိုင် ရုပ်သိမ်းနေ ရသည်ကိုတွေ့မြင်ရသည်။ အမြစ်တွယ် နေသောအကြမ်းဖက်မှုများနှင့် လက်နက်အရသာတွေ့နေသော အကြမ်းဖက်အဖွဲ့များ၏ တောရိုင်းဥပ ဒေများအကြား ပြည်သူများ အသက်ရှူမ၀ဖြစ်နေပြီး ကယ်တင်ရှင်ရှာနေကြသည်ကိုလည်း တွေ့မြင်ရသည်။ မကြာသေးမီကလည်း စတားလင့်အင်တာနက်သုံးစွဲမှုဖြင့် လက်နက်အားကိုးဖြင့် PDF များ၏ ရန်ပြုခြင်းခံရသော မိသားစုတစ်စု၏ ရုပ်သံဖိုင်ကလည်း ပစ္စန္တရစ်အရပ်ရှိ ပြည်သူတို့၏ နေ့စဉ် ဘဝများကို မီးမောင်းထိုးပြခဲ့သည်။ လက်နက်အားကိုးလူတစ်စုက စတားလင့်အင်တာနက်ကို အခကြေးငွေဖြင့် မျှဝေသုံးစွဲသည်ဟု စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးရာတွင် စကားအချေအတင်ဖြစ်ကာ ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခံရသော မြင်ကွင်းများကို တွေ့မြင်ခဲ့ရပြီး  ယင်းမိသားစု၏ နောက်ဆက်တွဲသတင်းက လူမှုကွန်ရက်တွင် မတွေ့ရတော့ဘဲ ၎င်းတို့၏ ရှေ့ရေးကံကြမ္မာကို မသိရှိနိုင်တော့ပေ။ အဆိုပါဖြစ်ရပ်ကို သေချာစွာ လေ့လာရာတွင် ထိုမိသားစုသည် ယင်းဒေသတွင် ငွေကြေးအရ တတ်နိုင်သူများဖြစ်နိုင်ပြီး အကြမ်းဖက်လက် နက်ကိုင်အဖွဲ့များနှင့် အဆက် အသွယ်ရှိကာ ၎င်းတို့၏ ခွင့်ပြုချက်နှင့်ပင် အင်တာ နက်သုံးစွဲခွင့် ရနေသည်ဟု ယူဆရသည်။ သို့သော် အကြမ်းဖက်အဖွဲ့များ မလိုလားချိန်တွင် ၎င်းတို့မိသား စုကို ဖမ်းဆီးရန် အင်တာနက်သုံး စွဲမှုကိုအကြောင်းပြကာ လာရောက်စဉ် အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ ပေးထားသည့် ၎င်းမိသားစု၏ မချိတင်ကဲ လေသံများက အဆိုပါရုပ်သံဖိုင်တွင် တွေ့မြင်ရသည်။
    ထို့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ပစ္စန္တရစ်အရပ်တစ်ခုမှ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် ဖြစ်ရပ်ကလည်း ရွံရှာဖွယ် ကောင်းလှပြီး တောရိုင်းဥပဒေအရ ဖြေရှင်းမှုကလည်း လူသားဆန်မှုမရှိသည်ကို တွေ့မြင်ရသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ကျေးရွာစာသင်ကျောင်း အနောက် တောင်ဘက်ရှိ ကန်ပေါင်ပေါ်တွင် စက်တင်ဘာ ၅ရက် နံနက် ၉ နာရီခန့်က အကြမ်းဖက် PDF အဖွဲ့ဝင် မျိုးကိုဆိုသူက အသက်(၁၁) နှစ်အရွယ် မိန်းကလေးငယ်အား လက်နက် ကိုင်ယူနီဖောင်းဝတ်ကာ အဓမ္မပြု ကျင့်ခဲ့သည့်အတွက် ဒေသခံများက သေဒဏ်ပေးနိုင်ရေးအတွက် သုံးကြိမ်မြောက်အထိ ဆန္ဒပြတောင်းဆို ခဲ့ကြသည့် ဖြစ်စဉ်ပင်ဖြစ်သည်။ ပြည်သူများနှင့် အကြမ်းဖက်အဖွဲ့များ အချေအတင်ဖြစ်သည့် ရုပ်သံဖိုင်မှာ လည်း ယင်းရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။ထို့ဖြစ်စဉ်ကို ဆက်လက်လေ့လာရာ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်အတွင်း နစ်နာသူမိသားစုကို စစ်ဆေးစရာရှိသည်ဟုဆိုကာ မျက်နှာအဝတ်အုပ်ပြီး မျက်နှာဖုံးများ အုပ်ထားသော လက်နက်ကိုင်အုပ်စုက စက်တင်ဘာ ၁၈ ရက်က ဖမ်းဆီးသွား ပြီးနောက် သတင်းအစအနက ပျောက်သွားခဲ့သည်။
    အထက်ပါ အကြောင်းအရာများက လတ်တလောတွင် အကြမ်းဖက်များကြီးစိုးရာမှ မထွေးနိုင် မအန်နိုင် ထွက်ပေါ်လာသော ဖိနှိပ်ခံရမှုများဖြစ်ပြီး ထိုဖြစ်စဉ်များမတိုင်မီက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အမျိုးသမီးငယ်ပေါင်း မြောက်မြားစွာအပေါ် ကျူးလွန်မှုပေါင်းများစွာက ယနေ့ထက်တိုင် ဥပဒေအကာအကွယ်မရသလို တိမ်မြုပ်ပျောက်ကွယ်သွားရသည့် လျစ်လျူရှုခံ ဖြစ်စဉ်များစွာရှိခဲ့သည်။ အထက်ပါ ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် ပညာရေးအားနည်းသော အညာဒေသများတွင် အများဆုံးဖြစ်ပွားခဲ့ကြသည်။ အညာဒေသခံ ပြည်သူများ၏ ရိုးသားမှုသာရှိပြီး ပင်ကိုနိုင်ငံရေးအသိ ပညာ မကြွယ်ဝမှုကို တော်လှန်ရေးအရောင်ဆိုးခဲ့ကြရာမှတစ်ဆင့် ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့ခေါင်း ဆောင်များ၏ နောက်လိုက်အစေအပါးတို့၏ ရေကြည်ရာမြက်နု ရာဖြစ်ခဲ့ကြသည်။ ရိုးသားမှုကိုသာ အခြေခံပြီး အရောင်ဆိုးရန် လွယ်ကူသော အညာဒေသတစ်ခွင် ပြည်သူများကို တော်လှန်ရေးဟူသော အရောင် အသွေးဆိုးခဲ့ရာမှ အကြမ်းဖက်အဖွဲ့များ၏ ရေသောက်မြစ်ဖြစ်ခဲ့သည်။ ကနဦးအစက အကြမ်းဖက်အဖွဲ့ များကို အညာဒေသက ပြည်သူများက လူသူလက်နက် ထောက်ပံ့ခဲ့ကြသည်။ ထို့နောက် အကြမ်းဖက် အဖွဲ့များသည့် လက်နက်များ ပြည်စုံသွားချိန်တွင် လက်နက်သည် တရားဥပဒေစိုးမိုး မှုမရှိသော အရပ်ဒေ သတွင် အာဏာဖြစ်လာကာ ကိုယ်မွေးသည့်မျောက်များ၏ ခြိမ်းခြောက်မှုကို အညာပြည်သူများ နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရသည်။
    ထို့သို့ လက်နက်သည် အာဏာသဖွယ် ခြိမ်းခြောက်စရာ ရုပ်ဝတ္ထုသဖွယ်ဖြစ်လာခြင်းကို တစ်စတစ်စ တွေ့မြင်လာခဲ့ပြီးနောက် တော်လှန်ရေးဟူသောဝေါဟာရအပေါ် အညာပြည်သူများ ယုံကြည်မှုမဲ့လာရမှ စတင်ကာ ၎င်းတို့ကြုံတွေ့နေရသော နေ့စဉ်ဘဝများကိုအများ ပြည်သူသိရှိစေရန် ရုပ်သံဖိုင်များကို ရည်ရွယ်ချက်ရှိရှိ လူမှုကွန်ရက်ပေါ် ရောက်ရှိစေရန် ကြိုးပမ်းလာခဲ့သည်ဟု မှတ်ယူ ရမည်ဖြစ်သည်။ ၎င်းတို့ နေ့စဉ်ခံစားနေရမှုများကို အကြမ်းဖက်အဖွဲ့များ ပေါက်ဖွားစေရန် စတင်ခဲ့သော အကြမ်းဖက်ဦးသျှောင်အဖွဲ့အစည်းများမှ လူ့အတ္တများကလည်း စိုးစဉ်းမျှ တာဝန်ယူတာဝန်ခံမှု မရှိသလို ၎င်းတို့ လက်ဝေခံအကြမ်းဖက်အဖွဲ့ငယ်များ၏ လူမဆန် သောလုပ်ရပ်များအပေါ် မျက်စိပိတ်နားပိတ်ကာ လွတ်မြောက်နယ်မြေများအဖြစ် အတင်းသွတ်သွင်းခဲ့ကြသည်။ သို့သော် အချိန်ကာလကြာလာသည်နှင့် အမျှမည်မျှပင် ရိုးသားသောသူများဖြစ်သော်လည်း အညာဒေသရှိ ပြည်သူများသည် လက်နက်ဓားမိုး အုပ် ချုပ်မှုကို မလိုလားတော့ဘဲ တိတိပပ ဆန့်ကျင့်လာသည်ကို တွေ့မြင်ရ သည်။
    အချိန်ကာလကြာလာသည်နှင့်အမျှ အညာဒေသတစ်ခွင်က ပြည်သူတို့၏ လူမှုစီးပွားဘဝများကျ ဆင်းလာသလို၊ ကျန်းမာရေးနှင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အရေးများကလည်း ဆုံးရှုံးလာခဲ့သည်။ အကြမ်းဖက်များ ကြီးစိုးပြီးနောက် အညာဒေသပြည်သူများ၏ နေ့စဉ်ဘဝများကို သိသာစေသောအချက်များကို ပြည်ဖျက်မီဒီယာများမှ ဖော်ပြသော သတင်းများက တစ်စွန်းတစ်စ သိမြင်ခွင့်ရသည်။ တော် လှန်ရေးဟူ၍ ဒေသတွင်း အကြမ်းဖက်လုပ်ရပ်များ စတင်ချိန်ကတည်းက ယနေ့ချိန်ထိ နေ့စဉ်မပျက် ၎င်းတို့အလိုကျ သပိတ်မှောက်ဆန္ဒ ပြပွဲများကို လိုက်ပါလုပ်ဆောင်နေကြသော သတင်း ဓာတ်ပုံများက သက်သေခံလျက်ရှိသည်။ ၎င်းတို့အလိုကျ ရေးသားထားသော စာတန်းများကိုင်စွဲကာ ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုအထိဆန္ဒပြ သပိတ်မှောက်နေကြောင်း လုပ်ကြံသတင်းဓာတ်ပုံများက ပြည်ဖျက်မီဒီယာများ၏ နေ့စဉ်သတင်းများဖြစ်နေသည်။ထိုသို့ ပြည်သူများကို အကာအကွယ်ယူကာ ပြုမူဆောင်ရွက်ခဲ့သော သပိတ်များကပင် အရပ်သားနှင့်အကြမ်းဖက်များ ရောထွေးစေကာ စစ်ရေးပစ် မှတ်များဖြစ်စေရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အညာဒေသ ပြည်သူများက မိမိရပ်ရွာ များတွင် အကြမ်းဖက်များအခြေချပါက ရပ်နာရွာနာဖြစ်ကြသည်ကို သိမြင်လာခဲ့ပြီး မောင်းထုတ်မှုများ ရှိလာခြင်းဟု ယူဆမိသည်။ နေ့စဉ်  အကြမ်းဖက်များ၏ လက်နက်ကိုင် သောင်းကျန်းမှုများ ကြောင့် ကျီး လန့်စာ စားနေရသော ပစ္စန္တရစ်အရပ်မှ တော်လှန်ရေးများ အမှန်တကယ် ချုပ်ငြိမ်းလိုပြီး  ငြိမ်းချမ်းရာ နယ်မြေများအဖြစ် ပြောင်းလဲလိုပါက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်တွေ့ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့်သာ လက်တွဲဖော်ဆောင်ရမည်ဖြစ်ပြီး အကြမ်းဖက်လူ့အဖွဲ့အစည်းများကို ပြတ် ပြတ်သားသား လက်တွဲဖြုတ်ကြရမည် ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF File Download Link

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56060

© 2022 - 2025 News. All Rights Reserved.