၂၀၂၃၊ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြိုနယ်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၂၉ရက် ညနေပိုင်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတိုရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲက ဆေးရုံသိုရောက်ရှိစစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူမှာ ဦးသောင်းလင်း၊ သစ်ရာမြိုင်ရပ်ကွက် ကျွန်းလှမြိုနယ်နေသူတွင် ဝဲ/ယာခြေခုံပေါက်ပြဲဒဏ်ရာ ၁ ချက်စီ၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာဦးတွင် လည်ဂုတ်/နောက်ကျောဘက်/ ဝဲလက်မောင်တိုတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်စီ၊ ယာလက်ခုံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)နှင့် သားဖြစ်သူ မောင်ကောင်းပြည့်စုံ(၄)လ တွင် ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို အသီးသီးရရှိထားကြောင်းတွေ့ရှိရသည်။
ဖြစ်စဥ်အား စိစစ်ရာ ဦးသောင်းလင်းမိသားစုသည် နံနက်၈ နာရီတွင် ကျွန်းလှမြိုနေအိမ်မှ ပင့်သာကျေးရွာသို ဆိုင်ကယ်ဖြင့် ကုန်စိမ်းများသွားရောက်ရောင်းချခဲ့ပြီးနောက် ထန်းပင်ကုန်းကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတိုက်ရှိ ဦးဖဲမောင်(၃၅)၏ ဝက်အားဝယ်ယူရန် သွားရောက်ကြည့်ရှုခဲ့ပြီး ထန်းပင်ကုန်-ကြာတကန်-ကျွန်းလှသွားမြေသားလမ်းအတိုင်း ကျွန်းလှမြိုသို ပြန်လာခဲ့ရာ ကြာတကန်ကျေးရွာလမ်းခွဲ လှည်းလမ်းမပေါ်သို အရောက်၌ လမ်းဝဲဘက်ခြမ်းတွင် အကြမ်းဖက်အုပ်စု PDF များထောင်ထားသော လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လက်လုပ်မိုင်း ထောင်ထားသည့် အကြမ်းဖက်အုပ်စု PDF များအား ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။