ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဘုရားသုံးဆူမြိုပေါ်ရှိ နိုင်ငံတော်ပိုင် ဌာနဆိုင်ရာအဆောက်အဦများအား KNU အဖွဲမှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှိဖျက်ဆီး

၂၀၂၃ ဇန်နဝါရီ ၂၉.

            CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အချိုသောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာ ရုံးများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှိဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။


            ထိုသို အကြမ်းဖက်လုပ်ရပ်များကျူးလွန်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဘုရားသုံးဆူမြို၊ အမှတ်(၃) ရပ်ကွက်၊ မြိုမဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNU အဖွဲမှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှိခဲ့သဖြင့် မီးလောင်မှု ကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့် ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံး အတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိသည့် သွပ်မိုး/ အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို မီးလောင်ပျက်စီး ဆုံးရှုးခဲ့ကြောင်း သိရသည်။


Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.