၂၀၂၃ မတ် ၄
ဧရာဝတီတိုင်း၊ ပုသိမ်မြိုနယ်၊ ချောင်းသာကမ်းခြေ၊ ကံကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၃ ဦး၏ နေအိမ်များအား မတ်လ ၃ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်အချိန်က PDF များမှ ဓားပြတိုက်ခဲ့ ကြောင်းသတင်းရရှိသည်။
ယမန်နေ့ မနက် ၃ နာရီဝန်းကျင်အချိန်က ကံကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၃ ဦး၏ နေအိမ်များအား လက်နက်ကိုင်ဆောင်ထားသည့် PDF များမှ ဝင်ရောက်ရိုက်နှက်ကာ ဓားပြတိုက်၍ ငွေကြေးနှင့် ဖုန်းအပါအဝင် အဖိုးတန် ရွှေနှင့် လက်ဝတ်ရနာများယူဆောင်သွားကြောင်း ဒေသခံများမှ ပြောသည်။
"အုပ်ကြီးအိမ်ကို စဝင်တာ။ ပြီးမှ ရွာထဲက ၃ အိမ်ကို ဝင်စီးတာ။ ဖုန်းတွေလည်း သိမ်းသွားတယ်။ ငွေတွေလည်း ယူသွားတယ်။ ရွာခံတွေကတော့ လူစိမ်းတွေလိုပြောတယ်။ သေနတ်ပါတော့ ဘယ်သူ့မှ ခံမလုပ်ရဲကြဘူး။ အချိန်ကလည်း ဝေလီဝေလင်းအချိန်ဆိုတော့ တရွာလုံး အိပ်ပျော်နေကြတာ။ အများစုက မသိကြဘူး" ဟု ချောင်းသာမြိုခံ တစ်ဦးကပြောသည်။
ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် ကံကြီးကျေးရွာမှာ ချောင်းသာကမ်းခြေ၏ တစ်ဘက်ကမ်းတွင်တည်ရှိကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးရေကြောင်းဖြင့်သာ သွားလာနိုင်သည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချောင်းသာကမ်းခြေတွင် ဓားပြမှုအား တပ်မတော်မှ ကျူးလွန်ခဲ့သည်ဟု အကြမ်းဖက် မီဒီယာများဘက်မှ ဝါဒဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။