စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းမိသားစုများအတွက်သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထားသည်။
ဆန်စားသုံးသူ ပြည်သူများအနက် စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်း မိသားစုများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်းကို ဆောင် ရွက်လျက်ရှိရာ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီအဖွဲ့အစည်းများ နှင့် ဝင်ငွေနည်းပါးသော ဝန်ထမ်းမိ သားစုများသို့ (10) Kgဆန်အိတ်ရေ (၂၁၆,၆၀၀) ခန့်ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လတ်တလော ဆန်ဈေးနှုန်း မြင့်တက်မှု အခြေအနေကြောင့် အခြေခံ အလုပ်သမား၊ ဝန်ထမ်းမိသားစုများ သက်သာစေရန် အလို့ငှာ ဧည့်မထ ၁၀% အဆင့်- 10 KG (၅ ပြည်ခန့်) တစ်အိတ် - (၁၀,၀၀၀) ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း MRF က အသိပးထားသည်။
ငွေပေးသွင်း ဝယ်ယူနိုင်ရန် လည်းကောင်း၊ လှိုင်သာ ယာ၊ ရွှေပြည်သာ စက်ရုံများသို့ မှာယူသည့်အိတ် ရေ အနည်းအများပေါ် မူတည်၍ အရောက်ပို့ခြင်း (သို့) သတ်မှတ်နေရာတွင် လာရောက်ထုတ်ယူခြင်းများကို စီစဉ်ဆောင်ရွက်နိုင်ရန် လည်းကောင်း Phone - 09-400067270 ၊ Viber - 09-400067260 တို့ကို ဆက်သဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့အပြင် အခြားသော ဆန်အမျိုးအစားများကို ဝယ်ယူလိုပါက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်စွာဖြင့် ရောင်းချပေးနေသည့် ဝါးတန်း ဆန်စပါးကုန် စည်ဒိုင်၊ ဘုရင့နောင် ဆန်စပါးကုန်စည်ဒိုင်တို့တွင် နေ့စဉ်ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားသည်။