၂၀၂၃ ၊ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းဒေသ၏ ရှိရင်းစွဲအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချစေလိုပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောကြားလိုက်သည်။

နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ဇန်နဝါရီ ၁၅ ရက်က ဟုမ္မလင်းခရိုင် အတွင်းရှိ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုမိ၊ မြိုဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟုမ္မလင်းမြို၊ မြိုတော်ခန်းမတွင် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပြီးဒေသတွင်းလည်ပတ်ရင်းနှီး ငွေများစွာရှိခြင်းသည်ဒေသ၏ ဖွံဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအပြင် ဟုမ္မလင်းဒေသသည် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ဒေသတွင်းဖြစ်ထွန်းသည့် လက်ဖက်၊ ရာဘာ စိုက်ပျိုးခြင်းများကို အားပေးဆောင် ရွက်ကြရန်၊ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန် ၊ဒေသတွင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီးအ ရည်အသွေးကောင်းမွန်သည့် ဆန်နှင့်အခြားစိုက်ပျိုးရေး ထုတ်ကုန်များ ထွက်ရှိသည့် ဟုမ္မလင်းဒေသတွင်း စိုက် ပျိုးရေးထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသဖွံဖြိုးတိုးတက်မှုကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းအပြင် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို ပြည်တွင်းထုတ်ကုန်များ တင်ပိုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ထည့်သွင်း ပြောကြားခဲ့သည်။