၂၀၂၃ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း၊ရေစကြိုမြိုနယ်၊ပခန်းငယ်ကျေးရွာရှိ အ.ထ.က(ပခန်းငယ်)၌ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများစာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲမှ သိရသည်။
စာမေးပွဲဖြေဆိုနေသည့် ကျောင်း သား၊ကျောင်းသူများအား လုံခြုံရေးအဖွဲဝင်များကလုံခြုံရေးယူပေး နေကြစဥ် လက်နက်ကိုင်အဖွဲဝင်များက နံနက် ၁၀ နာရီခွဲခန့်တွင် သေနတ်များဖြင့်ပစ် ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကိုင်အဖွဲဝင်များသည် ကျေးရွာမြောက်ဘက်သိုထွက်ပြေးသွားခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲကဆိုသည်။