၂၀၂၃၊ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြိုနယ် အမှတ်(၂)ရပ်ကွက်ရှိ မြိုနယ်စက်မှုလယ်ယာရုံးအား ဇန်နဝါရီ ၂၉ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက် PDF နှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး မီးပုလင်းဖြင့်ပစ်ပေါက်၍ မီးရှိ ထွက်ပြေးသွားကြောင်းသတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာသို ရောက်ရှိပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် မြိုနယ်စက်မှုလယ်ယာဦးစီးဌာနရုံး(လယ်ယာသုံးစက်ပစ္စည်းအရောင်းပြခန်းအပါ) အုတ်နံကပ် အဆောက်အဦ ၁ လုံး(တန်ဖိုး ၃,၁၂၅,၀၀၀ ကျပ်)မီးလောင်ဆုံးရှုးခဲ့ကြောင်းသိရှိရသည်၊၊
ဖြစ်စဉ်နှင့် ပတ်သက်၍ မြိုနယ်စက်မှုလယ်ယာရုံးအား မီးပုလင်းဖြင့်ပစ်ပေါက်သွားသည့် အကြမ်းဖက်အုပ်စု PDF နှစ်ဦးအားဖမ်းဆီးရမိရေးအမာခံသတင်းပေးများဖြင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။