တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုစတင်

၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၃ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကင်းလှည့်ရေယာဉ် ၃ စင်း သည် ယူနန်ပြည်နယ် စစ်ဆောင်ပန္နားဒေသ ကျင်ဟား၊ ကွမ်းလေ့ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားခဲ့ရာ (၁၂၆) ကြိမ်မြောက် တရုတ်-လာအို- မြန်မာ- ထိုင်း မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုကို တရားဝင်စ တင်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံး (မြန်မာ)က ယနေ့ (ဖေဖော်ဝါရီ ၂၃ )သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကင်းလှည့်မှုတွင်အ ပိုင်းခွဲ၍ကင်းလှည့်မှုနှင့် ပူးတွဲကင်းလှည့်မှုနည်းလမ်းဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး လာအို၊ မြန်မာမှ ကင်းလှည့်ရေယာဉ်များက အပိုင်းခွဲ၍ကင်းလှည့်သည့်ကာလအတွင်း တရုတ်နိုင်ငံ၏ ကင်းလှည့်ရေယာဉ်အုပ်စုနှင့် စုပေါင်းပြီးမှ ပူးတွဲကင်းလှည့်မှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43344

© 2022 - 2025 News. All Rights Reserved.