ထိုင်းအမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကို ကားမှာကပ်ပြီး အလုပ်သမားပွဲစားများက မြန်မာလုပ်သား ၂၉ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ပို့ဆောင်ခဲ့ရာထိုင်းအာဏာပိုင်များ ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
တရားမဝင်လုပ်သားပို့ဆောင်ခြင်းကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ထိုင်းအာဏာပိုင်များ၏စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းကနေလွတ်မြောက်အောင်လုပ်ဆောင်နေပြီးအခုအကြိမ်မှာ ထိုင်းအမြန်လမ်းရဲဌာန စတစ်ကာကပ်ပြီး အလုပ်သမား ပို့ဆောင်ခဲ့တာဖြစ်ကြောင်းထိုင်းအခြေစိုက်မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူများထံမှသိရသည်။
ဇန်နဝါရီလ ၇ ရက်က တရားမဝင်လမ်းကြောင်းမှ အလုပ် လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၂၉ ဦးကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်မှ နရာထိဝပ်ခရိုင်ကို ပွဲစားများက ကားဖြင့်ပို့ဆောင်ရာမှာ စုန်ခလာခရိုင်လူဝင်မှုကြီးကြပ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ပို့ဆောင်ပေးခအနေဖြင့် ထိုင်းပွဲစား ၃ ဦးက မြန်မာလုပ်သား တစ်ဦးကို ဘတ် ၃,၀၀၀ နှုန်းရကာမြန်မာပွဲစားတစ်ဦးနှာနရာထိဝပ်ကိုတစ်ဆင့်ပို့ဆောင်ပေးမည့် ပွဲစားနှင့် ထိုင်းပွဲစားကားသမားတွေအကြား ချိတ်ဆက်ခြင်းဖြစ်ပြီး မြန်မာလုပ်သားတစ်ဦးကို ဘတ် ၃၀၀ နှုန်းပေးရကြောင်းသိရသည်။