၂၀၂၃ ဖေဖော်ဝါရီ - ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးတိုအနက် မြန်မာနိုင်ငံ တောင်ဘက် အစွန်ဆုံးမြိုဖြစ်သည့် ကော့သောင်းမြိုမှ အလွန်ဝေးကွာသော မိုင်ပေါင်း ၇၄၅ မိုင်ခန့် ရှိ မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြိုနှင့် အနီးပတ်ဝန်းကျင်မြိုများမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို၊ ရေတပ်ဆိပ်ခံ တံတား(မင်းဂံ)သို ရောက်ရှိကြသည်။


စစ်တွေမြို့သို ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသားတို အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ပြည်နယ်နှင့်မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေးလှိက်လှဲစွာ လာရောက် ကြိုဆိုကြသည်။


ပြန်လည်ခေါ်ဆောင်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲမှ တာဝန်ရှိသူများထံသို စနစ်တကျလွှဲပြောင်းပေးအပ်ကာ နေ့လယ်စာနှင့် ရေသန့်ဘူးများပေးဝေခဲ့ကြသည်။ ထိုနောက် နေရပ်ပြန်မြန်မာနိုင်ငံသားများအား နယ်မြေခံဗျူဟာစစ်ရေယာဉ်စု ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတိုက တွေ့ဆုံအားပေးစကားပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်သည်။ ၎င်းနောက် နေရပ်ပြန်မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာမြိုနယ် အုပ်ချုပ်ရေးမှူးများထံသို စနစ်တကျ လွှပြောင်းအပ်နှံကာ အလွန် ဝေးလံသည့် နေရာဒေသများသို အချိန်တိုအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ဆုံးပြန်လည် တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။