ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်

၂၀၂၃ ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို ပြန်လာရန်အခက်အခဲရှိသော မြန်မာ နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသိုပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးအား ထိုင်းနိုင်ငံတာဝန်ရှိ သူများထံမှ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲက ထိုင်းနိုင်ငံ၊ ရနောင်းမြို အကောက်ခွန်တံတားတွင် စနစ်တကျသွားရောက် လွှပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ ကော့သောင်းမြို၊ ရွှေဝက်ဝံဆိပ်ခံတံတားသို ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

အဆိုပါ ရောက်ရှိလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးရင်ထွေး၊ ခရိုင်နှင့်မြိုနယ်စီမံခန့်ခွဲမှုကော်မတီအဖွဲဝင်များ၊ နေရပ်ပြန်မြန်မာနိုင်ငံသား များ၏ မိသားစုဝင်များက လှိက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အစားအသောက်နှင့် အဝတ် အထည်များ ထောက်ပံ့ပေးအပ်သည်။

အမိမြန်မာပြည်သို ပြန်လည်ခေါ်ဆောင်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အား မြိုနယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းများမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းတိုဖတ်၊ အာခေါင် တိုဖတ်ယူ စစ်ဆေးပေးခြင်း၊ နယ်မြေခံတပ်မတော်ဆေးကုသရေးအဖွဲများက လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးသည်။


ကော့သောင်းမြို့၌ ရောက်ရှိနေသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်းဒေသကြီးမှ ၃၉၇ ဦးအား ကော့သောင်းမြိုမှတစ်ဆင့် မိသားစုများရှိရာ မြိုနယ်များသို မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရန်ကုန်နှင့်အခြားမြိုကြီးများမှ နေရပ်ပြန် ၁၇၁ ဦးအား ရန်ကုန်မြိုသို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၁၁၁ ဦးအား စစ်တွေမြိုနှင့် ကျောက်ဖြူမြို များသို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့်လည်းကောင်း မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ာင်ရွက်သွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးခြင်းတိုကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်


ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိမိတိုနေရပ်ဒေသ အသီးသီးသို ပြန်လည်ပိုဆောင်နိုင်ရေးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှလည်း အလုပ်အကိုင်ရရှိရေးအတွက် လိုအပ်သည်များ စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၏ လမ်းညွှန်ချက်အရ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကပင် မလေးရှားနိုင်ငံမှ ၁,၀၈၆ ဦးနှင့် မတ်လ အတွင်း အိန္ဒိယနိုင်ငံ၊ ပိုဘလဲယား (Port Blair)မှ ၇၀ ဦးတိုအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် (၂)ကြိမ် သွားရောက်ခေါ်ဆောင်၍ မိဘများထံကောင်းမွန်စွာ စနစ်တကျအပ်နှံပေးခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းများရရှိအောင်လည်း ဖော်ဆောင်ပေးခဲ့ ကြောင်း သတင်း ရရှိသည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43338

© 2022 - 2025 News. All Rights Reserved.