နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကောလဟာလသတင်းများ ထုတ်ပြန်နေသူများအား ဖော်ထုတ်အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၄

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကောလဟာလသတင်းများ ထုတ်ပြန်နေသူများအား ဖော်ထုတ်အရေးယူမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကောလဟာလသတင်းများကြောင့် Exporter/Importer များ၊ ဘဏ်များက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည့်အတွက် ဘဏ်များမှ ထိုသို့ ဆောင်ရွက်ခြင်းမရှိစေရေး ဝင်ရောက်ထိန်း ကျောင်းရန်၊ ထိုသို့ဆောင်ရွက်နေသည့် Exporter/ Importer များအား ဖော်ထုတ်ရန်၊ ဖော်ထုတ်ရရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့အား အသိပေးထားရန်နှင့် ဝင်ရောက်ထိန်း ကျောင်းခြင်းမရှိသည့် ဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဗဟိုဘဏ်က ဘဏ်များ သို့ အကြောင်း ကြားထားကြောင်း သိရသည်။
လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ဆန်/ဆန်ကွဲ တင်ပို့ရောင်းချခြင်းမှ ရရှိသည့် ပို့ကုန်ရငွေများမှ (၆၅) ရာခိုင်နှုန်းကို ဗဟို ဘဏ်က ၎င်း၏ ရည်ညွှန်းငွေလဲနှုန်း ကန်တစ်ဒေါ်လာ ကျပ် (၂၁၀၀) ဖြင့် ရောင်းချပေးရမည်ဟုသော သတင်းတစ်ချို့ ထွက်ပေါ်လျက်ရှိ နေသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43341

© 2022 - 2025 News. All Rights Reserved.