နိုင်ငံရေးပါတီများအစုအဖွဲ့ (UPDJC) ကို ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆွေးနွေး

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၇

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ တည် ထောင်ပြီး နောက်ပိုင်း နိုင်ငံရေးပါတီများအစုအဖွဲ့၏ အ လုပ်အဖွဲ့(UPDJC)အား ပြန်လည်ဖွဲ့စည်းရန် ဆွေး နွေးခဲ့ကြောင်း သိရသည်။


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေး နွေးပွဲကိုယနေ့ (ဖေဖော်ဝါရီ ၁၇)နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး ယင်းအချက်ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံ ရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြကြောင်း သိရသည်။


ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသည့် အချက်များနှင့်စပ်လျဉ်း၍ နိုင်ငံ ရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ အဆိုပြုတင်ပြပြီးနောက် ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်တွေ့ရှိချက်များကို တစ်ချက်ချင်းအလိုက် အလွတ်သ ဘောပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပြုချက်များအပေါ် တက်ရောက်လာသူများက မိမိတို့၏သ ဘောထားများကို အပြန်အလှန်ဆွေး နွေးညှိနှိုင်းကြပြီးနောက် နိုင်ငံရေးပါတီအစုအဖွဲ့ ပြန်လည်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖွဲ့စည်းပေါ် ပေါက်လာမည့် နိုင်ငံရေးပါတီများ တည် ထောင်ပြီး နောက်ပိုင်း ယခုကဲ့သို့ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အ လုပ်အဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်မည့်အခြေအ နေကို ဆွေးနွေးညှိ နှိုင်းခဲ့ကြကြောင်း သိရသည်။

Total Views ~ 178

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43341

© 2022 - 2025 News. All Rights Reserved.