၂၀၂၃မတ်၄
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနားရှိ လျှပ်စစ်ကားများအားသွင်းရန် EV Charging Station ကို ယနေ့မတ် ၄ ရက် မနက်တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးတွင် ၁၀ စီး တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်ဖြစ်ကာ ရန်ကုန်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။

ရန်ကုန်တွင်လည်း မြိုနယ် ၅ မြိုနယ်တွင် EV Charging Station များတည်ဆောက်နေခြင်းလည်းဖြစ်သည်။ လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းရန် အဆိုပြုသော ကုမ္ပဏီ (၄ဝ) နီးပါးအထိ တိုးမြင့်လာခဲ့ပြီး ကုမ္ပဏီ (၆) ခုအား သွင်းကုန်လိုင်စင် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
