ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုးကုသခြင်း၊ကျောက်ကပ်သွေးသန့်စင်ခြင်း၊ ကင်ဆာဓာတ်ကင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးနေကြောင်း ကျန်းမာရေး၀န်ကြီးပြော

  ၂၀၂၃ ၊ဖေဖော်ဝါရီ ၁၄

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ခေတ်နှင့်အညီဝန်ဆောင်မှုများ တိုးတက်ဖြစ်ထွန်းစေရန် ကျောက် ကပ်အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင် ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပုဂ္ဂလိကကျန်းမာရေးလုပ် ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အ စည်းအဝေး(၁/၂၀၂၃)ကို ဖေဖော်ဝါရီ ၁၃ရက်က ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Centre ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီတိုးတက်ဖွံ့ဖြိုးစေရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ပုဂ္ဂ လိကကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်ရေး ကောင်းမွန်သောအကြံပြုချက်များပေးကြရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယင်းအစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။
ယင်းအပြင် ပြည်သူပြည်သားများ အန္တရာယ်ကင်းသော ကျန်းမာရေးစောင့်ရှောက်မှု၊ အဆောက်အဦပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် သင့် တင့်မျှတသောဈေးနှုန်းဖြင့် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်ဗဟိုအဖွဲ့အစည်း အဝေးကို ကျင်းပခြင်းဖြစ်ပြီးနေပြည်တော်ကောင် စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော် ဝါရီ ၁၂ ရက်အထိ ပုဂ္ဂလိကဆေးရုံ ၂၇၀ ခန့် အပါ အဝင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို လိုင်စင်ခွင့်ပြုထားရှိကာ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ/နည်းဥပဒေများနှင့်အညီ စဉ်ဆက်မပြတ် ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပုဂ္ဂ လိကဆေးရုံလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး လိုင်စင်(အသစ်)လျှောက်ထားလာသော အမှုတွဲများကိုလည်း အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တာဝန်ပေးအပ်ထားသော အထူးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ လိုအပ်ချက်များအား လုပ်ငန်းရှင်များက အချိန်နှင့်တစ်ပြေးညီဆောင် ရွက်ရန် လိုအပ်ပြီးပုဂ္ဂလိကကဏ္ဍတွင် ဥပဒေနှင့်ညီညွတ်သော ကျန်းမာရေးစောင့်ရှောက်ပေးသူများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကျန်းမာရေးစောင့် ရှောက်ပေးသူများက သက်ဆိုင်ရာ ကောင်စီအသီး သီး၏ ဥပဒေများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက် တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43344

© 2022 - 2025 News. All Rights Reserved.