၂၀၂၃ ၊ ဇန်နဝါရီ ၃၁
ပုလောမြိုနယ် ကျောက္ကာကျေးရွာနှင့် ရေမိုင် ၁ မိုင်ခန့်အကွာရှိ ပင် လယ်ပြင်တွင် ဂျင်းခရုမွေးမြူရေးဖောင်းသို PDF အကြမ်းဖက်သောင်းကျန်းသူများရောက်ရှိလာပြီး ဂျင်ဖောင် ၃ ခုအား မီးရှိဖျက် ဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပုလောမြိုနယ်၊ ကျောက္ကာကျေးရွာ အုပ်စု၊ ကျောက္ကာကျေးရွာနှင့် ရေမိုင် ၁ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်တွင် ဂျင်းဖောင်း လုပ်ငန်းရှင် ဦးမောင်ဆန်း ၅၀ နှစ်၊ပုလောမြို၊ ဦးသူရ ၄၆ နှစ်၊ ကျောက္ကာကျေးရွာနှင့် ဦးစံဌေး ၄၁ နှစ်၊ ကျောက္ကာကျေးရွာ တို ၃ ဦးပိုင်ဆိုင်သည့် ဂျင်းခရုမွေးမြူရေးဖောင်းသို PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲမှ အင်အား ၂၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် အင်ဂျင် ၄ လုံး ထိုးစက်လှေဖြင့်ရောက်ရှိလာပြီး လူမနေသည့် ဂျင်းဖောင်း ၃ လုံးအား မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို ဂျင်းဖောင်း ၃ လုံးအား မီးရှိဖျက်ဆီးနေစဉ် ကျောက္ကာကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးလှထွန်းအေး ဦးစီး ၁၀ ဦးခန့်မှ လက်နက် ငယ်များဖြင့်ပစ်ခတ်ရာ အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီခန့် တွင် PDF အကြမ်ဖက်သောင်းကျန်းသူများမှာ ၎င်းတိုစီးလာသောစက်လှေဖြင့် ပြန်လည်မောင်းနှင်ထွက်ခွာသွားခဲ့ပြီး ပစ် ခတ်မှုဖြစ်စဉ်တွင် ပြည်သူ့စစ်အဖွဲမှ ထိခိုက်မှုမရှိကြောင်းနှင့် မီးရှိဖျက် ဆီးမှုကြောင့် ဂျင်းဖောင် ၃ လုံး မီး လောင်ပျက်စီး ဆုံးရှုးခဲ့ကြောင်း သိရသည်။