ဖျာပုံမြိုနယ်၌ ရစဖမှူးရုံးအား မီးပုလင်းဖြင့် ပစ်ပေါက်ခံရ

၂၀၂၃၊ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြိုနယ်  (၉)ရပ်ကွက် မဟာဗန္ဓုလမ်းနှင့် (၈)လမ်းထောင့်ရှိ (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီ  ၂၈ရက်ညနေပိုင်းတွင် မီးခိုးများ ထွက်နေကြောင်း သတင်းအရ လုံ ခြုံရေးပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးခဲ့ရာ ရုံးထဲရှိ ပလတ်စတစ်ထိုင်ခုံ ၂ လုံး မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည၇ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ 

၎င်းထိုင်ခုံအနီးတွင် အဝတ်စပတ်ထားသော နီ/ညိုရောင်ဓါတ်ဆီပုလင်းအကွဲ ၁ လုံးအား တွေ့ရှိရသဖြင့် ရုံးခန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရာ ရုံးအနောက်ဘက် ပြတင်းပေါက်တံခါးအားဖွင့်၍ ဓါတ်ဆီပုလင်းဖြင့် ပစ်သွားကြောင်း စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုကြောင့် ပလတ်စတစ်ထိုင်ခုံအဟောင်း ၂ လုံး(တန်ဖိုး ၅၀,၀၀ ကျပ်ခန့်)ပျက်စီးဆုံးရှုးခဲ့ကြောင်းနှင့် ဓါတ်ဆီပုလင်းဖြင့် ပစ်ပေါက်သွားသူအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။

Total Views ~ 251

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43332

© 2022 - 2025 News. All Rights Reserved.