ဘားအံမြိုနယ် ဒေါ်လန်း ကျေးရွာသားတစ်ဦးနှင့် ၎င်း၏ ကားကို PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲမှ ဖမ်းဆီးသွားခဲ့ပြီးနောက် ကားကို အဓမ္မယူဆောင်သွား

၂၀၂၃ ၊ဇန်နဝါရီ ၃၁ 

ဘားအံမြိုနယ်၊ ကျုံဒိုးမှ ဇာသပြင်ကျေးရွာဘက်သို အုတ်သွားတင်သည့် ဒေါ်လန်း ကျေးရွာနေသူတစ်ဦးမောင်းနှင်လာသည့်ယာဉ်အား PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲမှ ဖမ်းဆီးသွားခဲ့ပြီး ဝဲကရင်ကျေးရွာအနီးရှိ ရာဘာခြံတွင်ချထားခဲ့ပြီး ယာဉ်အား အဓမ္မယူဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ဘားအံမြိုနယ်၊ ဇာသပြင်-ကျားကလေး လမ်းရှိ သံလှယ်ကျေးရွာနှင့် ကော့ယက္ခကျေးရွာကြားလမ်းမပေါ်တွင် MARK-II အမျိုးအစား၊ အဖြူရောင်ယာဉ်ဖြင့် ကုမ္ပဏီအင်္ကျီဝတ်စုံဝတ်ဆင်လျက် လူ ၄ ဦးမှ ပစ္စတိုသေနတ် ၁ လက်ဖြင့် ကားပျောက်ဆုံးသွား၍ မေးစရာရှိသည်ဟုပြောကြားပြီး ကျုံဒိုးမှ ဇာသပြင် ကျေးရွာဘက်သို အုတ်သွားတင်သည့် ဒေါ်လန်းကျေးရွာနေ ယာဉ်မောင်း သီဟ  မောင်းနှင်လာသော Canter အမျိုးအစား၊ ယာဉ်အမှတ်၊ 3N/5996 အား လုယူပြီး ယာဉ်မောင်း သီဟအား လက်ထိပ်ခတ်၍ မျက်စိနှင့် ပါးစပ်တိုအား တိတ်ဖြင့် ပိတ်ပြီး ဝဲကရင်ရွာအနီးရှိ ရာဘာခြံတွင်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Total Views ~ 192

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.