ဘုတလင် မြို့နယ် မမစ(ဘုတလင်)နှင့် ထွေအုပ်ရုံးတိုအား အကြမ်းဖက်PDF များ လာ‌ရောက်ပစ်ခတ်၍ မြို့နယ်ဆေးရုံအုပ်ကြီး၏ နေအိမ် တိုက်ခန်း အနောက်ဘက်သို ဗုံးသီး ၁ လုံး ကျရောက်ပါက်ကွဲကာ ထိခိုက်ပျက်စီး

၂၀၂၃ ၊ မတ် ၆

ဘုတလင်မြိုနယ်၌ မမစ(ဘုတလင်)နှင့် မြို့နယ်ထွေ/အုပ်ရုံးတိုအား အကြမ်းဖက်အုပ်စု PDF အဖွဲက လာ‌ရောက်ပစ်ခတ်သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံအုပ်ကြီး၏ နေအိမ် တိုက်ခန်း အနောက်ဘက်သို ဗုံးသီး ၁ လုံး ကျရောက်ပါက်ကွဲသဖြင့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (မတ် ၅)ည ၁၀နာရီခွဲအချိန် မုံရွာခရိုင် ဘုတလင်မြို့နယ်  မြဝတီရပ်ကွက် နှင့် မြို့နယ်ထွေ/အုပ်ရုံးတိုအား အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)က မမစ(ဘုတလင်)၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ ဒန်းတိုင်းကျေးရွာ စိန်တော တောရ ဘုန်းကြီးကျောင်းအနောက်ဘက်မှ စိန်ပြောင်း(အမျိုးအစား-စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဗုံးသီး ၁ လုံးမှာ လေပေါ်တွင်ပေါက်ကွဲပြီး ၁ လုံးမှာ မြဝတီရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအုပ်ကြီး ဒေါက်တာ ဖြိုးကျော်အောင်၏ နေအိမ်တိုက်ခန်းအနောက်ဘက်သို ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်တိုက်ခန်း အုတ်နံရံကွဲအက်၊ ပြတင်းပေါက်မှန် ၈ ချပ်ကွဲကြေ၊ နေအိမ်အမိုး မျက်နှာကြက်ကျောက်ပြား ၁၀ ချပ် ပျက်စီး(စုစုပေါင်းတန်ဖိုး ၃၀၀,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုး ခဲ့ကြောင်း သိရသည်။

အဆိုပါ  အကြမ်းဖက်အုပ်စု PDF အဖွဲသည် ၎င်းတိုလာရောက်ပစ်ခတ်သည့်နေရာအနီးတွင် ဆက်လက် ခိုအောင်းလျက်ရှိကြောင်း စုံစမ်းသိရှိရသဖြင့် ပူးပေါင်းအဖွဲက တပ်အသင့်ပြင်ဆင်ထားရှိကြောင်းကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.