၂၀၂၃ ၊ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို၊ အောင်မေတ္တာ (ဂ) ရပ်ကွက်နေ အောင်မေတ္တာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အနီးတွင် ယနေ့ (ဇန်နဝါရီလ ၁၁) နံနက် ၁၀ နာရီခွဲခန့်က ပီဒီအက်(ဖ်) အ ကြမ်းဖက်သမားများ ထောင် ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးအားတွေ့ရှိခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲမှ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။
လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးတွေ့ရှိမှုသတင်းအရ လုံခြုံရေးတပ်ဖွဲမှ သွားရောက် စစ်ဆေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အရှေ့ဘက် ခြံစည်းရိုးအပြင်ဘက်တွင် ပုဆိုးဖြင့် ထုပ်လျက် ၂ လက်မ ကွန်ကျူးပိုက် အပြာရောင်အတွင်း ယမ်းများထည့်သွင်းပြီး စားပွဲတင်နာရီအသေးဖြင့် ဆက်သွယ်ထားသော ၆ လက်မခန့်ရှိ လက်လုပ်ချိန်ကိုက် မိုင်း ၂ လုံးအား တွေ့ရှိခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲမှ ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်သည်။