မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့ နယ်၊(စျ)ရပ်ကွက် စက်မှုဇုန် အ တွင်းက ပီနံအိတ်စက်ရုံမီး လောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး Level 3အဆင့် ရှိမီးသတ်ယာဉ်အုပ်စုဖြင့် အတူ ၃ နာရီနီးပါး မီးငြိမ်သတ်ခဲ့ရကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီလ ၂၇) နံနက် ၃ နာရီခန့်က (၆၉×၇၀)လမ်းနှင့်(၁၃၈×၁၃၉) လမ်းကြားရှိ ပီနံအိတ်စက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစက်ရုံ၏ စွန့်ပစ်ပစ္စည်းဂိုထောင်မှ ဆာလာ အိတ်အခွံအဟောင်းများစုပုံထားရှိရာမှအပူဖြစ်ပးကာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို Level 1 ယာဉ်အုပ်စုများဖြင့် ကနဦး ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှ Level 2 ယာဉ်အုပ် စုများ၊ Level 3 ယာဉ်အုပ်စုများ အသီးသီး ဆက် လက် ထွက်ခွာငြှိမ်းသတ်ခဲ့ရကာ ယင်းနေ့ နံနက် ၅နာရီ ၃၃မိနစ် အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး ယင်းနေ့ နံနက် ၅နာရီ ၄၇ မိနစ် အချိန်တွင် မီးငြိမ်းသွား ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။