၂၀၂၃ ၊ဖေဖော်ဝါရီ ၁
ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် ညနေ ၅နာရီအချိန်တွင် မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်၏ အရှေ့တောင်ဘက် ၆ ဖာလုံခန့်အကွာ မဟာအောင်မြေအရှေ့ရပ်ကွက် ၈၁x၈၂ လမ်းကြား၊ ၃၉x၄၀ လမ်းကြားရှိ မြသိန်းတန်စေတီအ ရှေ့ဘက်ပေါက် ဈေးဆိုင်တန်း၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက သွား ရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်နေ တရုတ်ကြီး(၄၅)နှစ် ဗမာ/ဗုဒ္ဓ ကျပန်း (ဖ)ဦးကျော်ငြိမ်းသည် “နိုင်သရဖူ”(ကဖေးနှင့်အအေးဆိုင်)(ဆိုင်ပိတ်ထား) စားပွဲခုံပေါ်တွင် အိပ်ပျော်နေစဉ် ဆိုင်ကယ် ၁ စီးနှင့်အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ သေနတ်(စိစစ်ဆဲ)ဖြင့် ၁ ချက်ပစ်ခတ် ထွက်ပြေးသွားခဲ့၍ တရုတ်ကြီးတွင် ဦးခေါင်းဝဲဘက်မှ ယာပါးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ကြောင်း သိရသည်။
ထိုကြောင့် ယင့်နေ့ ညနေ ၅နာရီ ၅၅ မိနစ်အချိန်တွင် အလောင်းအား မန္တလေးမြိုပြည်သူ့ဆေးရုံကြီး သိုပိုဆောင်ထားရှိကြောင်းနှင့် အခင်းဖြစ်နေရာမှ S&B 21 9×19 ကျည်ခွံ ၁ ခု သိမ်းဆည်းရရှိခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်သွားသူများအား (ပ)၃၃/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့်အမှုဖွင့်ပြီး သက်ဆိုင်ရာမှ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း သိရသည်။