၂၀၂၃ ၊ ဖေဖော်ဝါရီ ၁
ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် ညနေ ၆နာရီ မိနစ် ၄၀ အချိန်က မုံရွာခရိုင် မုံရွာမြို့နယ်၏ အရှေ့ဘက် ၂ မိုင် ၃ ဖာလုံခန့်၊ နမစ(မုံရွာ)၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံခန့်အကွာ ကျောက္ကလမ်းတွင်လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲသံကြားရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အခင်းဖြစ်နေရာသို ရောက်ရှိ စစ်ဆေးခဲ့ရာ ကျောက္ကာလမ်းပေါ်တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် ဝဲခြေထောက်ကျိုးကျေ/ ဝမ်းဗိုက်ပွင့်ထွက်ထိမှန် ဒဏ်ရာ(စုစုပေါင်းဒဏ်ရာ ၂ ချက်)ရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်ကိုတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး ၁ ဦး(စိစစ်ဆဲ) တွင် ဦးခေါင်း/ဝဲ-ယာခြေထောက်/ဝဲ-ယာလက်များတွင် မိုင်းစထိမှန် ဒဏ်ရာ (စုစုပေါင်းဒဏ်ရာ ၅ ချက်) (စိုးရိမ်ရ)များဖြင့်သတိလစ်လျက်ရှိကြောင်းတွေ့ရှိရသဖြင့် မုံရွာခ ရိုင်ပြည် သူ့ဆေးရုံကြီး သိုပိုဆောင်ထားရှိကြောင်းသိရှိရ၊ စိစစ်ရာ သေဆုံးသူ အမျိုးသား ၁ ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသမီး ၁ ဦးတိုသည် မြဝတီရပ်ကွက်ရစဖမှူးရုံးသို လက်လုပ်မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့်လာရောက်စဉ် ၎င်းတိုသယ်ဆောင်လာသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာမှ သေဆုံး/ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဥပဒေအရအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။