မော်လမြိုင် ၊ ဇန်နဝါရီ ၂၈
မော်လမြိုင်- ရန်ကုန် ရထားခရီးစဥ်များအားလုံး ယနေ့ (ဇန်နဝါရီ၂၈)နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သတင်းထုတ်ပြန်ထားသည်။
မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ နေ့စဥ်ထွက်ခွာလျက်ရှိသော အမှတ်၉၀ အစုန်လေအိတ်အမြန်ရထားသည် ေမာ်လမြိုင်ဘူတာမှ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး လက်မှတ်များအား နံနက် (၆)နာရီမှ စတင်၍ ရထားမထွက်မှီ (၉)နာရီထိ မော်လမြိုင်ဘူတာနေ့ချင်းလက်မှတ်ရုံတွင် ရောင်းချပေးနေကြောင်း သိရသည်။
ရက်ကြိုလက်မှတ်များအား မော်လမြိုင်ဘူတာကြီးရက်ကြိုလက်မှတ်ရုံတွင် နံနက် (၇) မှ နေ့လည် (၃) နာရီထိ အထက်တန်းလက်မှတ်များအတွက် ၃ရက် ကြိုတင်၍၄င်း ရိုးရိုးတန်းလက်မှတ်များအတွက် ၁ရက်ကြိုတင်၍ ၄င်းရောင်းချပေးလျက်ရှိနေပါကြောင်းအသိပေးကြေငြာထားသည်။
ထိုသို့ မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရထားအချိန်မှန် ထွက်ခွာပြေးဆွဲပေးနေပြီး ရထားများ ၇ရက်ရပ်နားသည်ဟူသော သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။