မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းအား ယာယီရပ်ဆိုင်းထားကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ထုတ်ပြန်

ရန်ကုန် ၊ ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းအား ဇန်နဝါရီလ ၁၇ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က (MOEAF )ကြေညာထားသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရေးအဖွဲ့သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ် သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ညှိနှိုင်ဆောင်ရွက်ပေးမှုအရ Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း၊ယခုအခါ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်အား ဇန်နဝါရီ ၁၇ ရက်နေ့မှစတင်ကာယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားလာသည့်အတွက် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အမည်စာရင်းပေးပို့ခြင်းများအား ဇန်နဝါရီ ၁၇ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43322

© 2022 - 2025 News. All Rights Reserved.