ရွှေဘို၊ဝက်လက်နှင့် အရာတော်မြို့နယ်များကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာ

၂၀၂၃ ၊ဖေဖော်ဝါရီ ၂၂ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၊ တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘိုမြို့နယ်၊ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး(Martial Law)အာဏာကိုကျင့် သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၁၉ အရအပ်နှင်းလိုက်ကြောင်း စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၈ / ၂၀၂၃ ဖြင့် ယနေ့ ( ဖေဖော်ဝါရီ ၂၂ )ထုတ်ပြန်လိုက်သည်။


တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည် ၍ မိမိကိုယ်တိုင်းသော်လည်း ကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာ ဏာကို ကျင့် သုံးနိုင်ကြောင်း ယင်းအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43344

© 2022 - 2025 News. All Rights Reserved.