သပိတ်ကျင်းမြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးခဲ့သည့် အခင်းဖြစ်နေရာအား လခရအဖွဲမှသွားရောက်စစ်ဆေးစဉ် လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရ၍ စစ်သည် ၂ ဦး ဒဏ်ရာ ရရှိ

၂၀၂၃ ၊ဖေဖော်ဝါရီ ၁ 

ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် ညနေ ၅နာရီအချိန်က သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ် မမစ(သပိတ်ကျင်း)၏ အရှေ့ တောင်ဘက် ၂၇ မိုင်ခန့်အကွာ ဇရစ်အိုင်ကျေးရွာနေ ဦးကျော်ဌေး(ခ)ကြည်ဌေး (၆၃)နှစ်အား အကြမ်းဖက်အုပ်စု PDF ၄ ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် ၂ စီး ဖြင့် ရွာ၏အရှေ့ဘက်သို ခေါ်ဆောင်၍သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက အခင်းဖြစ်ရပ်စစ်ဆေးရန်ထွက်ခွာခဲ့ရာ မမစ(သပိတ်ကျင်း)၏ အရှေ့ တောင်ဘက် ၂၉ မိုင်ခန့်အကွာ ဇရစ်အိုက်ကျေးရွာအနီးအရောက်တွင် အကြမ်းဖက်အုပ်စု PDFများမှ လက်လုပ်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သည်တစ်ဦးတွင် ဝဲလက်မမိုင်စထိမှန်၍ လက်ဆစ်ပြတ်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် အခြားစစ်သည်တစ်ဦးတွင် ဝဲလက်မောင်း/လက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) တိုအသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက ဇရစ်အိုင်ကျေးရွာအား အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်ခဲ့ရာ ဇရစ်အိုင်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာ ခမHA-၈၁၂၂၂၁ ၌ ဦးကျော်ဌေး(ခ)ကြည်ဌေး အား နောက်စေ့ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲ/ယာမျက်စေ့ဖောက်ဝင်/ထွက် ဒဏ်ရာ ၂ ချက်(စုစုပေါင်းဒဏ်ရာ ၄ ချက်)ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ အလောင်းအား ဆေးရုံသိုပိုဆောင်ထားရှိ၍ တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.