၂၀၂၃ ၊ မတ် ၅
ယမန်နေ့(မတ် ၄)ည ၇နာရီ ၁၅မိနစ်အ ချိန် ဟားခါးခရိုင် ဟားခါးမြို့နယ် ပြည့်သူ့ဆေးရုံ၌ မိုင်းစ ထိမှန်ဒဏ်ရာဖြင့် လူ ၁ ဦးရောက်ရှိနေကြောင်းသတင်းအရ တာ၀န်ရှိသူများသွားရောက်စစ်ဆေးရာ ထောင်ဇာလျန်း(၃၀)နှစ် ပြည်တော်သာရပ်ကွက်နေသူဖြစ်ကြောင်း သိရသည်။
၎င်းသည် ယင်းနေ့ ညနေ ၅နာရီခွဲတွင် နေအိမ်မှ မြက်ရိတ်ရန်ထွက်ခွာခဲ့ရာ မမစ(ဟားခါး)၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ ပြည်တော်သာရပ်ကွက်ရှိ အထက(၃) ကျောင်း၏ အနောက်ဘက်ခြံစည်းရိုးအပြင်သို အရောက်၌ အကြမ်းဖက်အုပ်စု CDF အဖွဲမှ ထောင်ထားသော မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲ၍ ယာခြေကျင်းဝတ်ကြေမွဒဏ်ရာ ၁ ချက်၊ ဝဲခြေမျက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)စုစုပေါင်း ဒဏ်ရာ ၂ ချက်တိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။