၂၀၂၃ ၊ ဇန်နဝါရီ ၁၂
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် နံနက်၉း၃၀ နာရီမှ ၁၀း၃၀ နာရီထိ မန္တလေးမြို၊ အမရပူရ မြိုနယ်၊ တောင်သမန်အင်းအနီးရှိ တောင်လေးလုံးကျောင်းတိုက်တွင် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂအဖွဲချုပ်အဖွဲဝင်ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို အထက်ဗမာပြည်ကျောင်းသားများသမဂ္ဂအဖွဲချုပ်ဥက္ကဋ္ဌဟောင်း သန့်ဇင်မှဦးဆောင်လျက် အဖွဲဝင် ၁၉ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မကြာမီအချိန်၌ ဖြစ်ပေါ်လာနိုင်သည့် မြန်မာပြည်ရွေးကောက်ပွဲအပေါ် သုံးသပ်ဆွေးနွေးခြင်း၊
ဒီမိုကရေစီစနစ်ကိုလည်း မှန်ကန်စွာ ကျင့်သုံးနိုင်ရေးတိုပါဝင်ပြီး မြန်မာပြည်သည် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ အရပ်သား အစိုးရတစ်ရပ် ထွက်ပေါ်လာမည် စသည့်အကြောင်းအရာများ ပါ၀င်ကြောင်း သိသည်။
ယခုအခါတွင် တပ်မတော်ကဦးဆောင်လျက် တိုင်းပြည်၏ အာဏာကို ယာယီထိန်းသိမ်ထားသော ကာလတစ်ခုဖြစ်နေပြီး ၂၀၀၈ ဖွဲစည်ပုံ အခြေခံဥပဒေက ပေးအပ်လာသောတာဝန်များက နှစ်ဖက်ယှဉ်ပြိုင်ပေါ်ပေါက်နေသည့် အခြေအနေပေါ်သို ရောက်ရှိနေပြီဖြစ်ကြောင်း၊ တပ်မတော်သည် ၂၀၀၈ ဖွဲစည်းပုံ ဥပဒေအရ အာဏာကိုထိန်းသိမ်းခွင့်ရှိသည်မှာ အမှန်ပင်ဖြစ်ပြီးပြည်သူတစ်ရပ်လုံး ကလည်း ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် ဖော်ဆောင်ရန် အခွင့်ဥပဒေများကို ပိုင်ဆိုင်နေသည်ကြောင်း၊ထိုသိုနှစ်ဖက်ပေါင်းလုပ်ပိုင်ခွင့်ဥပဒေများအကြား နိုင်ငံရေး သမားများက ဦးဆောင်လှုပ်ရှားလျက် ပါတီအောင်နိုင်ရေးဘက်မှ ရပ်တည်နေကြောင်း၊ ပါတီအသင်းအဖွဲများ၏နောက်တွင် ရဟန်းရှင်လူပြည်သူအချိုနှင့် ကျောင်းသားသမဂ္ဂ အဖွဲများပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်ဘက်မှလည်း စနစ်တကျ ဖော်ဆောင်နိုင်သည့် နိုင်ငံရေးအမြင်နှင့် ကြိုတင်ပြင်ဆင်မှုများက သာမန်လူများ မတွေးနိုင်၊ မမြင်နိုင်သည်မှာ လက်တွေ့ကျလွန်းလှပြီး ယနေ့ကြုံတွေ့လိုက်ရသည့် အခြေအနေများက ဖော်ပြနေကြောင်း၊ နိုင်ငံရေးလမ်းကြောင်းသည် တပ်မတော်နှင့်အတူ ပူးပေါင်းရန်သိုမဟုတ် ညိနှိင်းဆောင်ရွက်ကြရန် လိုအပ်နေသည်ဟု ယူဆရကြောင်း အဘယ်ကြောင့်ဆိုသော်တပ်မတော်သည် နိုင်ငံရေးကို သံတမန်ရေး အမြင်နှင့်ကြည့်ပြီး ပြည်တွင်းရေးကို အစဉ်ပေးလျက် ကိုင်တွယ်ဖြေရှင်းလေ့ရှိကြောင်း၊ ပါတီနှင့် နိုင်ငံရေး သမားများက ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်လေ့ရှိသဖြင့် အချိုလုပ်ရပ်များမှာ အစွန်း ရောက်မှုများဖြစ်သည်အထိ ရှိခဲ့ကြကြောင်း စသည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့အခါများတွင် မြန်မာပြည်အတွက် အမှန်တကယ်လိုအပ်လာသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် တပ်မတော် ဘက်က လူထုဆန္ဒပေးအပ်ပွဲနှင့်အတူ အထွေထွေရွေးကောက်ကြီးကျင်းပပေးရန် ပြင်ဆင် နေပြီဖြစ်သည့်အတွက် တပ်မတော်နှင့်အတူ လက်တွဲကြမည်လား၊ ညှိနှိင်းကြရန် မည်သည့်ပါတီများက ကြိုးပမ်းကြမည်လား ဆိုသည့်မျော်လင့်ချက်အသံများက လူထု အကြားတွင် ပျံနှံနေသောကြောင့် ရွေးကောက်ပွဲအမှန်တကယ်ဖြစ်လာနိုင်ခြင်းရှိ/မရှိကို သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂများအနေဖြင့် ရွေးကောက်ပွဲကို ဆန္ဒ ရှိနေသည့်အတွက် ယခုကဲ့သို သုံးသပ်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။