၂၀၂၃ ၊ဖေဖော်ဝါရီ ၃
ယမန် နေ့(ဖေဖော်ဝါရီ၂)၂နာရီ၄၅ မိနစ်အချိန် မုံရွာခရိုင် အရာတော်မြိုနယ် ပြည်သူ့ဆေးရုံ၌ မိုင်းထိမှန်ဒဏ်ရာ များဖြင့် အမျိုးသား ၅ ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာတာ၀န်ရှိသူများက ဆေးရုံသိုရောက်ရှိစစ်ဆေးရာ နောင်နောင်(၂၀)နှစ် ငွေတွင်းကျေးရွာ အရာတော်မြိုနယ်နေသူတွင် ယာပေါင်ရင်းဗုံးစဖောက်ဝင် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) တစ်ရွာတည်းနေသူများဖြစ်ကြသည့် လင်းလင်းထွန်း(၁၉)နှစ်တွင် ဝဲ-ယာခြေသလုံးနှင့် ယာခြေဖဝါးတိုတွင် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ ကျော်ခန့်(၁၉)နှစ် တွင် ဝဲ-ယာလက်ဖဝါး/ယာခြေသလုံးနှင့် ယာပေါင်တိုတွင်ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ သူရိန်စိုး တွင် ယာနားနှင့် ယာခြေဖဝါး တိုတွင်ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)နှင့် သန့်ဇင်အောင် (၂၂)နှစ်တွင် ဝဲ-ယာလက်ဖျံနှင့် ယာပေါင်တိုတွင် ဗုံးစဖောက်ဝင် ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)တို အသီးသီးရရှိထားကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အပေါ် စိစစ်ရာတွင် မမစ(အရာတော်)၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ ငွေတွင်းကျေးရွာ(ပြည်သူ့စစ်များအခြေပြုရွာ)နေ နောင်နောင် နှင့်တစ်ရွာတည်းနေ မနွယ်သဇင်မိုး (၁၉)နှစ် (ပြည်သူ့စစ်အဖွဲဝင်)တို၏ မင်္ဂလာဧည့်ခံပွဲအား ဦးလှိင်မိုး ၏ နေအိမ်ရှေ့မဏ္ဍာပ်၌ပြုလုပ်နေစဉ် အကြမ်းဖက်အုပ်စု PDF က Drone ဖြင့် Drop Bomb ၁ လုံးအား ပစ်ချခဲ့ရာ မင်္ဂလာမဏ္ဍာပ်ပေါ်သိုကျရောက်ပေါက်ကွဲခဲ့၍ သတိုသား နောင်နောင် အပါအဝင် ဧည့်ခံပွဲသို ရောက်ရှိနေသူ ၅ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီး Drone မှာ မမစ(အရာတော်)၏ အရှေ့ဘက် ၆ မိုင်ခန့်၊ ငွေတွင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ ယင်းမာကန်ကျေးရွာဘက်သို ပျံသန်းသွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ဆေးရုံသိုပိုဆောင်ခဲ့ပြီး။ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရအရေးယူနိုင်ရေး သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။