ရန်ကုန်၊ ဇွန် ၁၈
မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံအသီးသီး တက္ကသိုလ်ပညာရေးများကို တက်ရောက်နိုင်ရန် Zabu Aung International School မှ ၂၀၂၅-၂၆ ခု ပညာသင်နှစ်အတွက် (၃)နှစ်အရွယ်မှစတင်၍ တက်ရောက်နိုင်ရန် ဇမ္ဗူအောင်ကိုယ်ပိုင် အထက်တန်းကျောင်းကို အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ နို့ဈေးမှတ် တိုင် (အင်းစိန်ဘူတာအနီး)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဇဗ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်းသည် UK နိုင်ငံသာမက International အသိအမှတ်ပြုထားသည့် Pearson Education Edexcel Curriculum ကို သင်ကြားသွားမည်ဖြစ်ပြီး ကလေးများအတွက် နိုင်ငံတကာအဆင့်မီ သင်ကြားမှု၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးတက်စေမှုများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက "ကလေးငယ်တွေကို ကျောင်းအပ်လက်ခံနေပါပြီ။ ကျောင်းအပ်စရိတ်ကိုတော့ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း လျှော့ပေးထားပါတယ်။ တစ်လချင်းသွင်းရင်လည်း လျှော့ပေးမှာပါ။ နိုင်ငံတကာသင်ရိုးကို ဈေးသက်သက်သာသာနဲ့ သင်ကြားနိုင်မယ်။ ဆရာ၊ ဆရာမတွေကတော့ လုံလောက်တဲ့ဆရာ၊ ဆရာမအင်အားနဲ့ အရည်အသွေး၊ အရည်အချင်းတွေ ပြည့်ဝမှ Product ကောင်းမယ်မှန်းသိလို့ ကျွန်တော်ကတော့ ဒါတွေကို အဓိကထား ဖြည့်တယ်။ ရွေးချယ်ပြီးတော့ စနစ်တကျ ဖော်ဆောင်ပေးထားပါတယ်"ဟု ပြောကြားခဲ့သည်။
ဇမ္ဗူအောင်ကိုယ်ပိုင်အထက်တန်းကျောင်းကို အပ်နှံမယ့် ကျောင်းသားသူများ၏ မိဘများငွေေကြေး အခက်အခဲမရှိစေရန်အတွက် ကျောင်း၏ တာဝန်ရှိသူများနှင့် ဆွေးနွေး၍ အရစ်ကျစနစ် ပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ အခန်းတိုင်းတွင်လည်း CCTV တပ်ဆင်ထားကာ လုံခြုံရေးဝန်ထမ်းများကိုလည်း ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကလေးများ စိတ်အပန်းပြေ ကစားနိုင်ရန်အတွက် ကလေးကစားကွင်း (Playground)နှင့် Futsal အားကစားကွင်းတို့ကိုလည်း ထည့်သွင်း စီစဉ်ပေးထားကြောင်း သိရသည်။
ဇဘေက Zabu Aung International School တွင် ကျောင်းအပ်နှံရန်အတွက် ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်ဆက် သွယ်စုံစမ်းမည်ဆိုပါက ဖုန်းနံပါတ် - ၀၉ ၄၀၁ ၄၅၄ ၈၃၆ နှင့် ၀၉ ၄၀၁၄၅၄ ၈၃၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ သက်မှူး