ကျောက်တံခါးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံး

၂၀၂၃ ၊ မတ် ၁၁ 
ယမန်နေ့ (မတ် ၁၀)နံနက် ၁၁နာရီခွဲအချိန် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် မမစ(ကျောက်တံခါး) အရှေ့ဘက် ၄ မိုင်ခန့်အကွာ သုံးအိမ်စုကျေးရွာရှိ သုဿာန်အနီးတွင် ဦးစောဌေးလွင် (၅၉)နှစ်(ဗောဓိကွင်းကျေးရွာနေသူ)သည် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါသတင်းအရ  ပူးပေါင်းအဖွဲမှ  အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးစောဌေးလွင်တွင် ယာဘက်ရင်အုံဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ မေးစေ့ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကျည် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာလက်ဒူးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၈ ချက်တိုဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ဦးစောဌေးလွင်သည် ယင်းနေ့ နံနက် ၈နာရီတွင် နေအိမ်မှ ကျောက်တံခါးမြိုသိုဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာမှ  အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)များမှ သေနတ်(စိစစ်ဆဲ)ဖြင့်ပစ်ခတ်ခဲ့၍ သေနတ်ဒဏ်ရာများဖြင့်သေဆုံးခြင်း ဖြစ်သည်ကို သိရှိခဲ့ကြောင်း သိရသည်။

ထိုနောက် အလောင်းအား ကျောက်တံခါးမြိုနယ် ပြည်သူ့ဆေးရုံသို ပိုဆောင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍  မမစ (ကျောက်တံခါး)(ပ)၂၅/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ ဖြင့်အမှုဖွင့်ကာတရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 234

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43352

© 2022 - 2025 News. All Rights Reserved.