ကျောက်တံခါးမြို့နယ်တွင် သောင်းကျန်းသူမျာ Bomb ၁ လုံး ပစ်ချပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ မတ် ၁၁
ယမန်နေ့ (မတ် ၁၀) ညနေ ၅နာရီခွဲ အချိန် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာ ဈေးပိုင်းရပ်ကွက် သမင်အင်းကုန်း ကျေးရွာ-ကျောက်တံခါးမြိုသွားကားလမ်းထိပ်တွင် သကသ(စိစစ်ဆဲ)များမှ Drone ၁ စင်းအား အသုံးပြု၍ Drop Bomb ၁ လုံးပစ်ချပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲမှ အခင်းဖြစ်အရပ်သိုရောက်ရှိ စစ်ဆေးရာ Drop Bomb ၁ လုံးပစ်ချပေါက်ကွဲခဲ့သည့် လမ်းမပေါ်တွင် ပဲနှုတ်ပြီးပြန်လာကြသော ဦးစီကျန်း(၄၀)နှစ် နွန်းနီးယားကျေးရွာ ကျောက်တံခါးမြို နေသူတွင် ဝဲခြေမျက်စေ့နှင့် ခြေခွင်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲဒူးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)နှင့် ၎င်း၏ ခယ်မတော်စပ်သူ မစီသရီဝသီ(၂၂)နှစ်နွန်းနီးယားကျေးရွာနေသူတွင် နဖူးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ လည်ပင်းဝဲဘက် ဗုံးစ ထိမှန်ဒဏ်ရာ ၁ ချက်၊ ဆီးခုံဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာခြေဖမိုးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)တိုအသီးသီးရရှိခဲ့သည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့်  ဒဏ်ရာ ရရှိသူများအား တာ၀န်ရှိသူများက  ကျောက်တံခါးမြိုနယ်ပြည်သူ့ဆေးရုံသိုပိုဆောင်ခဲ့ကြောင်း သိရသည်။

Total Views ~ 218

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.