၂၀၂၃ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (အရှေ့မြောက် ဘက်)ဒေသ ကျောက်မဲ-သီပေါကြားတွင် ရှိသည့် ကျင်သီတံတားအား ဖောက်ခွဲဖျက်ဆီး ခံခဲ့ရပြီးနောက် တစ်ပတ်ကျော်အကြာ နိုဝင် ဘာ ၂၀ ရက်အထိ ကားများသွားလာမရဘဲ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
"ကျောက်မဲနဲ့ သီပေါကြား ကျင် သီ တံတားက ဖျက်ဆီးခံထားရတော့ ကျင်သီတံတားကလည်း လောလောဆယ် ကား ဖြတ်လို့မရသေးဘူး။ ဂုတ်ထိပ်တံတားမှာတော့ ဘိလပ်မြေကား သုံးစီးရောက်နေတယ်။ရောက်နေတယ်ဆိုတော့ သူတို့ လမ်းပြင်ဖို့ ဘိလပ်မြေကား ဖြတ်ပြီးမှပဲ သွားလာလို့ရ မလား တစ်ချက်ကြည့်ရမယ်"ဟု ဒေသခံဖြစ်သူ ဦးဌေးက ပြောသည်။
ထို့အပြင် လက်ရှိအခြေအနေအရ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာ နိုင်သေး၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားများ ဖြတ်သန်းသွားလာခြင်း မပြုသင့်သေးဟု ၎င်းင်းက ဆက်ပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် တစ် ဖက် အဖွဲ့အစည်းတွေကလည်း အဲဒီနားတစ်ဝိုက်မှာ ရှိနေသေးတော့ မသွားသင့်သေး တဲ့အခြေအနေလို့ပြောရမှာပေါ့။ အဆောက်အအုံတွေ ဖျက်ဆီးတာ၊ လမ်းတံတားတွေ ဖောက်ခွဲတာတွေ ရှိရင်ရှိလာနိုင်တယ်။ အဲ့ဒီလိုအဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်လာနိုင်တော့ မသွားသင့်ဘူးလို့ ပြောတာပါ။
သီပေါ ရောက်သွားရင်တောင်မှ သီပေါနဲ့ လာရှိုးကတစ်နာရီခွဲ၊ နှစ်နာရီ လောက်မောင်းရတယ်။ အဲဒီတော့ သီပေါက နေ လာရှိုးဝင်သွားပြီဆိုရင် လားရှိုးကနေ ဟိုဘက် သိန္နီမြို့ကို သွားရမယ်။ သိန္နီမြို့မှာ လည်း ဟိုအဖွဲ့တွေက ရှိသေးတယ်လို့ သိရ တယ်။ သိန္နီကနေ ဘယ်ဘက်ချိုးရင် ကွတ် ခိုင်-မူဆယ်သွားတဲ့လမ်း၊ ညာဘက်ချိုးရင် ကွမ်လုံတို့၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့ကို ရောက်သွားတာပေါ့။ အဲဒါက သိန္နီကနေ ခွဲ သွားရတဲ့လမ်းတွေပေါ့။ ဟိုအဖွဲ့တွေက လည်း သိန္နီမှာ ရှိသေးတယ်လို့ သိရတယ်။ အဲဒါကြောင့် ပြည်ထောင်စုလမ်းမကြီး နေ ရာကတော့ လုံးဝမသွားသင့်ဘူးလို့ပဲ ပြော ချင်ပါတယ်"ဟု ဦးဌေးက ဆက်ပြောသည်။
ကမ်းလက်ကူညီ ပရဟိတအသင်း (မူဆယ်)ကလည်း လမ်းပိုင်းအခြေအနေ တချို့နှင့်ပတ်သက်၍ ''ဂုတ်တွင်းလမ်း ပိတ်မိနေသည့်ကားတွေ ဦးစားပေး သွားခွင့်ပြုနေပါတယ်။ ကျောက်မဲ-သီပေါကြားက ကျင်သီ တံတားကားများသွား လာလို့ မရသေးပါဘူး။ သိန္နီတံတားလည်းဖြတ် ဖို့ မလွယ်သေးပါဘူး။ သိန္နီ-ကွတ်ခိုင်-မူ ဆယ်လည်း လမ်းမကြီးပေါ်မှ ကားများသွား တာမရှိသေးပါဘူး။ ကျောက်မဲ-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကနေ ခုချိန်ကားများ သွားလာဖို့ အဆင်မ ပြေသေးပါဘူး။ ခုလို ကာလမှာ သာမန် လောက်ဆို ခရီးမထွက်တာ အကောင်းဆုံးပါ။ မဖြစ်မနေခရီးထွက် မယ်ဆိုလည်း သေ ချာစုံစမ်းမေးမြန်းပြီးမှသာ ခရီးထွက်ကြပါ။ လမ်းခရီးက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်"ဟု နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ကျောက်မဲ-သီပေါကြားတွင်ရှိသည့် ကျင်သီ တံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းလုပ်ရပ်များသည် အစိုးရကို တိုက်ခိုက် သည့် လုပ်ငန်းမဟုတ်ဘဲ ပြည်သူကို တိုက် ရိုက် ထိပါးစော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထား သည်။