ဆားလင်းကြီးမြိုနယ်၌ အကြမ်းဖက်အုပ်စု PDF က ညောင်ပင်ကြီးလျှပ်စစ်ဓာတ်အားခွဲရုံပိုင် မော်တော်ယာဉ်၊ ရုံးသုံးပရင်တာများနှင့် လက်ကိုင်ဖုန်းများယူဆောင်သွား

၂၀၂၃၊ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင် ဆားလင်းကြီးမြိုနယ်  ညောင်ပင်ကြီးကျေးရွာရှိ ညောင်ပင်ကြီးလျှပ်စစ်ဓာတ်အားခွဲရုံသို အကြမ်းဖက်အုပ်စု PDF အင်အား ၂၀ ဦးခန့်သည် မော်တော်ယာဥ်တစ်စီးလက်နက်ငယ်များကိုယ်စီကိုင်ဆောင်၍ဖြင့်  ၂၀၂၂၊ဒီဇင်ဘာ၃၁ရက် ညတွင်ရောက်ရှိလာပြီး လျှပ်စစ်ဓာတ်အားခွဲရုံတာဝန်ကျ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဦးမျိုးဆွေ၊ ညောင်ပင်ကြီးလျှပ်စစ် ဓာတ်အားခွဲရုံနေ၊ လျှပ်စစ်ကျွမ်းကျင်-၃ ဦးမြင့်ဆွေ တောကြီး ကျေးရွာ ဆားလင်းကြီးမြိုနယ်၊ ခွဲရုံလုပ်သား ဦးတင်ဝင်းညောင်ပင်ကြီး လျှပ်စစ်ဓာတ်အားခွဲရုံနေ၊ လျှပ်စစ်ကျွမ်းကျင်-၅ ဦးမြဝင်း ညောင်ပင်ကြီး လျှပ်စစ်ဓာတ်အားခွဲရုံနေသူတို ၅ ဦးအား အားလုံးငြိမ်နေ၍ စက်ရုံဝင်းအတွင်းမှ အပြင်သိုမထွက်ရန် ပြောဆိုပြီး စက်ရုံရှိကားသော့တောင်းရာ ဦးမျိုးဆွေ မှ မရှိကြောင်းပြောဆိုသဖြင့် လျှပ်စစ်စက်ရုံ Control ခန်းအတွင်းထားရှိသော ဦးမျိုးဆွေ ပါ ၅ ဦးတို ကိုင်ဆောင်သော လက်ကိုင်ဖုန်း ၅ လုံး တန်ဖိုး ၃၂ သိန်းကျပ်ခန့်၊ ရုံးဝင်းအတွင်းရှိသော လျှပ်စစ်ဓာတ်အားခွဲရုံပိုင် SGG/3F-4890 TOYOTA Double Cup အမျိုးအစား စိမ်း/ဝါနုရောင် မော်တော်ယာဉ် ၁ စီး တန်ဖိုး ၃၀၀ ကျပ်ခန့်၊ ပရင်တာ Cannon 2900 ၁ လုံး တန်ဖိုး ၃ သိန်းကျပ်ခန့်၊ ပရင်တာ Epson L-310 ၁ လုံး တန်ဖိုး ၃ သိန်း ကျပ်ခန့်၊ စုစုပေါင်းတန်ဖိုး ၃၃၈ ကျပ်ခန့်တိုအားယူဆောင်၍ ဆားလင်းကြီးမြိုနယ် ဝက်မှေးကျေးရွာ ဘက်သိုမောင်းနှင်ထွက်ပြေးသွားကြောင်းသိရှိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်၊ ရုံးသုံးပရင်တာ၊ လက်ကိုင်ဖုန်းများယူဆောင်သွားသည့် အကြမ်းဖက်အုပ်စု PDF များအား ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 178

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.