ညောင်လေးပင်မြိုနယ်၌ Mytel တာဝါတိုင်အား အကြမ်းဖက်အုပ်စု PDF အဖွဲ က မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

၂၀၂၃၊ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးမြိုနယ်  အင်းကုန်းကျေးရွာနေ ဦးစောကပယူ၏ နေအိမ်ခြံဝင်းအတွင်းရှိ Mytel တာဝါတိုင်အမှတ်(၈၀၈)အား အကြမ်းဖက်အုပ်စု  PDF အဖွဲ အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲသွားကြောင်း သတင်းအရ ဇန်နဝါရီ ၂ရက် နေ့လယ် ၁၂နာရီတွင် လုံခြုံရေး  ပူးပေါင်းအဖွဲက သွားရောက် စစ်ဆေးခဲ့ရာ နံနက်၈ နာရီခွဲတွင် Mytel တာဝါတိုင်သို ဆိုင်ကယ် ၁ စီးဖြင့် အကြမ်းဖက်အုပ်စု PDF အမျိုးသား ၂ ဦး ရောက်ရှိလာပြီး တာဝါတိုင်ခြံစည်းရိုးအတွင်းသို ဝင်ရောက်ဖောက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 ပေါက်ကွဲမှုကြောင့် Power Cable ၁ လုံး၊ ဘတ္ထရီအိုး ၃ လုံး၊ Mytel System Box IDU  ၂ လုံး၊ BBLC  ၁ လုံး (စုစုပေါင်းတန်ဖိုး ၁၃၁ သိန်းခန့် ) ပျက်စီးသွားခဲ့ပြီး မိုင်းဖောက်ခွဲသွားသူ အမျိုးသား ၂ ဦးအား (ပ) ၄/၂၀၂၃၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43136

© 2022 - 2025 News. All Rights Reserved.