၂၀၂၃ စက်တင်ဘာ ၆
တရုတ်-မြန်မာ Belt & Road စီမံကိန်းကို ကော်မတီဖွဲ့စည်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအတွက်၊ အလုပ် အကိုင်အတွက်ပါ အကျိုးအမြတ် အများအပြားရရှိမည်ဟု မျှော်လင့်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
''မြန်မာနိုင်ငံအနေနဲ့လည်း Belt & Road စီမံကိန်းနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရ သဘောတူ ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Belt & Road နဲ့ ပတ်သက်ပြီးတော့ အစိုးရကလိုအပ်တဲ့ ကော်မတီဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံက Belt & Road Initiative မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အား လုံးပါဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
လွန်ခဲ့သည့် သြဂုတ် ၁၈ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် CRI Myanmar သတင်းဌာနမှ တွေ့ဆုံခဲ့ရာစဉ် အထက်အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ "လတ်တလောမှာ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလုပ်နေတာ ရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက အဓိကကတော့ တရုတ် နိုင်ငံ၊ တယ်ဟုန်-မူဆယ်-ရွှေလီ-မန္တလေး အထိ ရထားလမ်းကတော့ လူလည်းစီးလို့ရမယ်၊ ကုန်တင်လို့ရမယ်။ နောက်တစ်ခါ မန္တလေးကနေ ပြီးတော့ ကျောက်ဖြူအထိ ရထားလမ်းတစ်လမ်း၊ မန္တလေးမှ ရန်ကုန်အထိ ရထားလမ်းတစ်ခု၊ ဒီလိုဟာမျိုး ဒီစီမံကိန်းတွေထဲမှာပါတယ်။ အဲဒီစီမံကိန်းနဲ့ဆက်စပ်ပြီး စင်္ကြံတစ်လျှောက် ပြန်လည်ဖွံ့ ဖြိုးမှုစီမံကိန်းတွေလည်းပါတယ်။ သို့သော် ဒီစီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်း ကြီးဖြစ်ပါတယ်။ အဲဒါအတွက် ကျောက်ဖြူစီမံကိန်းက မကြာမီစတင်မယ့် အခြေအနေကို ရောက်နေပါတယ်။ စီမံကိန်း ကြီးက တစ်ပြိုင်နက်တည်းသွားမယ်"ဟု ဦးအောင်နိုင်ဦးက ဖြေကြားခဲ့သည်။
RI Myanmar သတင်းဌာနမှ အချို့သော အနောက်နိုင်ငံများက Belt & Road အဆိုပြုချက်နာမည်ရှိခြင်းဖြင့် တရုတ် နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်ချင် နေကြ၍ Belt & Road အဆိုပြုချက်အပေါ် အမြင်၊ ယခုနှစ်က Belt & Road အဆိုပြုချက် ကျင်းပခဲ့တဲ့ ၁၀ နှစ်ပြည့်ဖြစ်၍ တရုတ်-မြန်မာ Belt & Road အတူတကွ တည်ဆောက်ရာတွင် ထင်ရှားသည့် ရလဒ်များ ရရှိခဲ့သည့် အခြေအနေနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုမပြု သိရှိလိုကြောင်း CRI Myanmar သတင်းဌာနမှ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
" Belt & Road စီမံကိန်းက အင်မတန် ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Belt & Road နဲ့ပတ်သက်ပြီး အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာ ကို အချို့နိုင်ငံတွေက ပုံရိပ်ပျက်အောင်ရည် ရွယ်ချက်ရှိရှိနဲ့ Belt & Road အပေါ်မှာ လူတွေ အထင်အမြင်လွဲအောင် လှုံ့ဆော်မှုတွေ လုပ်နေကြတာ ရှိလာပါတယ်။ သတင်းတွေ၊ မီဒီယာတွေကို အားပြုပြီးတော့ သတင်းတွေ အမျိုးစုံထုတ်ခဲ့တယ်။ အထူးသဖြင့် Belt & Road Initiative က တရုတ်နိုင်ငံက ဖွံ့ဖြိုး ဆဲနိုင်ငံတွေကို ကြွေးမြီထောင်ချောက်ထဲကို ရောက်အောင် တွန်းပို့နေတယ်ဆိုပြီး မဟုတ် မမှန်သတင်း လွှင့်ပါတယ်။ Belt & Road စီမံကိန်းက ဆယ်စုနှစ်၊ လိုအပ်ရင် ရာစုနှစ်ဒီ လောက်ထိလုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ချက်ချင်းအကျိုးအမြတ်ပေါ်ဖို့ မဖြစ်နိုင်ဘူး။ သို့သော်လည်း ချက်ချင်းအကျိုးအမြတ်မပေါ် တာလေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်ပြည်ရဲ့ ထောင်ချောက်ကို တွန်းပို့နေတယ်ဆိုပြီး မမှန်မကန် ပြောဆိုနေတာကို တွေ့ရတယ်"ဟု မျှော်လင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြေကြားခဲ့သည်။