တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ လာမည့် နှစ်ဆန်းပိုင်းတွင် စတင် ယှဉ်ပြိုင်တော့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇
    တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် စတင်ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
    နိုင်ငံဖြတ်ကျော်မာရသွန်ပြိုင်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပခဲ့ပြီးနောက် အဆိုပါ တရုတ်သံရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
    ယခုအကြိမ်ပြိုင်ပွဲ ဆုတံဆိပ် ဒီဇိုင်းတွင် စကားဖြူပန်း၊ တရုတ်-မြန်မာ နန်းတော် နယ်စပ်ဂိတ် စသည့်ယဉ်ကျေးမှုအမှတ် သင်္ကေတများဖြင့် တစ်မြစ်တွင်း ရေအတူ သောက်သုံးသော တရုတ်-မြန်မာဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ် အကြောင်းအရာ ခေါင်းစဉ်ကို ပေါ်လွင်စေပါ သည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများ တစ်ဝက် မာရသွန်ပြိုင်ပွဲ ဆုများလည်း သီးသန့်စီစဉ်ထားကာ မြန်မာနိုင်ငံမှ အမျိုးသားအားကစား သမား ၁၂ ဦး၊ မြန်မာနိုင်ငံမှမိတ်ဆွေများ အယောက် ၁၀၀၀ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
    တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပြည်သူများကလည်း တရုတ်- မြန်မာ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး ငါးခုစသည့် လူပေါင်း ၁၂၀၀ ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ ဖွဲ့စည်းကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမွေဆက်ခံသူမှ ဦးဆောင်ကာ မြန်မာအဆိုအက၊ တိုင်းရင်းသားအဆိုအက ဖျော်ဖြေတင်ဆက်မှုများ ဖျော်ဖြေကာ ပြိုင်ပွဲပြေးလမ်းတစ်လျှောက် နေရာ ၃၅ ခုမှာ ပြိုင်ပွဲဝင်များကို အားပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းတစ်လျှောက်တွင် ထူးခြားချက်ရှိသော ရသာမွန် စားသောက်ဖွယ်ဖြင့် အားဖြည့်ရာ နေရာလေးခု စီစဉ်ထား၍ အားကစားသမားများ အားဖြည့်သုံးဆောင်နိုင်ရန် တိုင်းရင်းသားထူးခြားချက်ရှိသော ရသာမွန် စားဖွယ်စုံပေါင်း ၂၀၀၀ ကျော် စီစဉ်ပေးသွားမည်ဖြစ်သည်။
    ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့ဟောင်းစသည့် ဒေသများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော် စတိတ်ရှိုး စသည့်လှုပ်ရှားမှုများလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ  သတင်းထုတ်ပြန်ထားသည်။   နဒီ

Total Views ~ 306

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43603

© 2022 - 2025 News. All Rights Reserved.