တာမွေကျောက်မြောင်း နိဂြောဓလမ်း ပွဲဈေး ပေါက်ကွဲမှုဖြစ်၍ လူထိခိုက်မှုရှိဟု သိရ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်း၊မလွှကုန်းလမ်းနှင့် ဓမ္မဝိဟာရလမ်းကြားရှိ နိဂြောဓလမ်းမတစ်တွင် ပြုလုပ်နေသော ပွဲဈေးတွင် ယနေ့(ဒီဇင်ဘာ ၂၃) ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီးလူထိခိုက်မှု ရှိခဲ့ကြောင်း ကနဦး သိရသည်။


" ၈ နာရီခွဲလောက်ကဖြစ်သွားတာ။ ပွဲဈေး ဣစ္ဆာသယလမ်းထိပ်ထမင်းဆိုင်နားတဲ့ အလူခံစားနေတဲ့သူ တွေထိသွားတယ်လို့သိရတယ်။ ကလေး၂ယောက် မိန်းမကြီးတစ်ယောက် လို့ ကြားရတယ်" ဟု ယင်းပွဲဈေးအနီးနေထိုင်သူတစ်ဦးက ပြောသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ရပ်ကွက်တာ၀န်ရှိသူများနှင့် အရေးပေါ်လူနာတင်ကားများ ရောက်ရှိလာသည်ကိုတွေ့ရကြောင်း သိရသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ အ

သေးစိတ် အခြေအနေမသိရသေးပေ။အဆိုပါ ပွဲဈေးကို  ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်ကာ ကျင်းပနေခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ အထိ ၁၀ ရက်အကြာ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Total Views ~ 198

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.