တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်ပြော

၂၀၂၃ ၊ ဇန်နဝါရီ ၁ 

တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေရန် ဆောင်ရွက်နေကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂ဝ၂၃ ခုနှစ် နှစ်သစ်ကူးနှုတ် ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

" ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့အခွင့်အရေး ပိုမိုဆောင်ရွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ တိုင်း ရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့တိုင်းရင်း သားဒေသတွေအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ ဆောင်ရွက်နေပါတယ်" ဟု နိုင်ငံတော်ဝန်ကြီးချုပ်ကပြောသည်။ 

ထို့အပြင် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသည့်လက်နက်ကိုင်ပဋိပက္ခများကို တတ်နိုင်သမျှချုပ် ငြိမ်းအောင် ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးကို မိမိကိုယ်တိုင် ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်း ချမ်းရေးအတွက်ဆွေးနွေးမှုများအပေါ်မှာ အလား အလာကောင်းသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 326

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.