ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို တင်ပြရမည်

ရန်ကုန်၊ ဇန်နဝါရီ ၈
    ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
    ယင်းသို့ လျှောက်ထားရာတွင် သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံလျှောက်လွှာကို ပြည့်စုံစွာ ဖြည့်ပေးရန်၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေးအကျဉ်း အောက်တွင် လက်မှတ်ရေးထိုးပေးရန်၊ လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို Bank statement ပြထားသည့် စာရွက်(ဘဏ်မန်နေ ဂျာကိုယ်တိုင် လက်မှတ်ထိုးထားသည့် မူရင်းစာရွက်ဖြစ်ရမည်) တင်ပြရမည်ဖြစ်သည်။ 
    ထို့ပြင် အရောင်းအဝယ် ပမာဏကို ရွှေအနေဖြင့် ဖော်ပြပေးရန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး (ရွှေဆိုင်ဖွင့်ထားတဲ့ မြို့နယ် ထွေ/အုပ်က ဆိုင်အတွက် လိုင်စင်လျှောက်ထားမှုအား ကန့်ကွက်မှုမရှိကြောင်း) ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း(သို့) ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း၏ အသင်းအဖွဲ့ဝင်အဖြစ် မှန်ကန်ကြောင်း ထောက်ခံချက်၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံချက်တို့ပါ တင်ပြ ရမည် ဖြစ်သည်။
    ရွှေရောင်းဝယ်ခြင်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင် ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ သက်မှူး

Total Views ~ 132

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43139

© 2022 - 2025 News. All Rights Reserved.