နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ ဒီဇင်ဘာ ၂၇

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကိုယနေ့ (ဒီဇင်ဘာ ၂၇)နံနက်ပိုင်းတွင် နေပြည်တော်ရှိ အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ NCA လက် မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌစောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောစတီး၊KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စား လှယ်များ တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ငြိမ်း ချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) နာယကဖြားတန်ခွန် ဥက္ကာ တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်များကို နှစ်ဖက်အသေးစိတ်ညှိနှိုင်းခဲ့ကြပြီးနောက် အစီအစဉ် ၈ ရပ်ကို ညှိနှိုင်းသဘော တူအတည်ပြုခဲ့ကြပြီးပထမနေ့ ဆွေးနွေးပွဲကို ရပ် နားခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၂၈ ရက် (မနက် ဖြန်)တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆွေး နွေးပွဲ၌ နှစ်ဖက်သဘောတူအတည်ပြုထားသည့်အစီအစဉ်များအတိုင်း ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.