ပထမဦးဆုံး စီးရီးမှာ အကယ်ဒမီ အေးချမ်းမောင်နဲ့အတူ သရုပ်ဆောင်ထားတယ်လို့ ပြောကြားလာတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    ၂၀၂၄ ခုနှစ် အကယ်ဒမီထူးချွန် ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိထားသည့် အကယ်ဒမီ ဝတ်မှုံရွှေရည်က အကယ်ဒမီ အေးချမ်းမောင်နှင့်အတူ ပထမဆုံး စီးရီးအနေဖြင့် နတ်သမီး နက္ခတ် ဇာတ်လမ်းတွဲတွင် အတူသရုပ်ဆောင်ထားကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် ion+ ဖျော်ရည် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
    "နတ်သမီးနက္ခတ်က ကစ်နဲ့ အေးချမ်းမောင်တို့ နှစ်ယောက်လုံး ပါဝင်ထားတယ်။ အဲဒါက မကြာခင်မှာ ပြသတော့မှာပါ။ အခုတော့ အစမ်းပြသတာလေးတွေ တက်နေပါပြီ။ ကစ်ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် အသစ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကြိုးစားထားကြတယ်။ အားပေးကြပါဦး။ ကြည့်ပေးပါဦး။ ကြည့်ပြီးရင်လည်း ဝေဖန်အကြံပေးကြပါဦးလို့ ပြောချင်ပါတယ်"ဟု အကယ်ဒမီ ဝတ်မှုံရွှေရည်က ပြောကြားခဲ့သည်။
    အကယ်ဒမီ အေးချမ်းမောင် "မကစ်နဲ့သရုပ်ဆောင်ထားတာက နတ်သမီးနက္ခဇာတ်လမ်းတွဲက ၂၅ ရက်မှာ ပြသမှာပါ။ ကြည့်ပြီးတော့ ဝေဖန် အကြံပေးကြပါဦးလို့ ပြောချင်ပါတယ်။ အခု ion+ ပွဲမှာ ပရိသတ်တွေကို တွေ့ရတော့ အရမ်းပျော်ပါတယ်။ အကယ်ဒမီရပြီး ပရိသတ်နဲ့ ပထမဦး ဆုံးတွေ့တဲ့ ပွဲဆိုတော့လေ ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။
    အဆိုပါ ဇာတ်လမ်းတွဲတွင် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ တိုင်ရွန်၊ အကယ်ဒမီ အေးချမ်းမောင်နှင့်အတူ မင်းသားခုနစ်ယောက် ပါဝင်သရုပ်ဆောင်ထားကြောင်း၊ နတ်သမီးနက္ခ ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၂၅ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။  သက်မှူး

Total Views ~ 148

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43135

© 2022 - 2025 News. All Rights Reserved.