ပုဂံဒေသရှေးဟောင်းလက်ရာများ ထိခိုက်ပျက်စီးမှုမရှိစေရေး အမြဲမပြတ်စစ်ဆေးရန် နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ မေ ၂၈
    ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မေ ၂၆ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွားရောက် ဖူးမြော်ကြည်ညိုရာတွင် ပြောကြားခဲ့သည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များတို့သည် အနော်ရထာ မင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုး ကွယ်တော်မူခဲ့သည့် ရွှေစည်းခုံစေ တီတော် မြတ်ကြီးသို့ သွားရောက်၍ လက် ယာရစ်လှည့် လည်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရှေးဟောင်းအမွေအနှစ် လက်ရာများကို ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး ရင်ပြင်တော်တွင် ခင်းကျင်းထားသည့် ကျောက်ပြားများ၏ အချို့နေရာများသည် မိုးရွာသွန်းပြီးနောက် ရေတင်ကျန်မှုများဖြစ် ပေါ်နိုင်သဖြင့် လို အပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုကြောင်း၊ စေတီတော်မြတ်ကြီးရှိ ၅၅၀ ဇာတ်တော် စဉ့်ကွင်းများ၊ ကျောက်သပိတ်တော်ကြီးများ၊ သုဓမ္မာဇရပ်များရှိ မြန်မာ့ဗိသုကာ ပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာမပြတ် ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြား ခဲ့သည်။ 
    ဆက်လက်၍ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်း ရာတွင် စနစ်တ ကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး မှုများမရှိစေရေးလိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ အရပ်လေးမျက်နှာရှိ ကြေးဂူတိုက်လေးခုအ တွင်း တည်ထားပူဇော်ထားရှိသည့် ဉာဏ်တော် ၁၂ပေရှိ ရပ်တော်မူကြေး ဆင်းတုတော်များသည် ပုဂံခေတ်ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဟန် ပီပြင်တင့်တယ်တော်မူပြီး သာမန်ကြေးသွန်းထားခြင်း မဟုတ်ဘဲအတွင်းမှ ဖောင်းထုတ်ပုံ ဖော်စေသည့် 'ကြေးခတ်' လက်ရာဖြစ်သဖြင့် ရှေးဟောင်း အနုပညာ လက်ရာ ခေတ်မီထွန်းကားခဲ့ပုံကို သိမြင်စေနိုင်ကြောင်း၊ ထို့ကြောင့် သမိုင်း တန်ဖိုးလွန်စွာ ကြီးမားလှ သည့် ရှေးဟောင်းအနုပညာလက်ရာများအား ဘုရားဖူးလာ ပြည်တွင်း၊ ပြည်ပမှဧည့်သည်များ အလွယ်တကူ ဖတ်မှတ်သိရှိ၍ ကြည်ညိုသပ္ပါယ် တန်ဖိုးထားနိုင်ရေး ရေးသားဖော်ပြထားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၊ ကျောက်စာတော်များကို အွန်လိုင်းစာမျက်နှာများမှတစ်ဆင့် အလွယ်တကူ လေ့လာကြည်ညိုနိုင်ရေး pagoda digital directory website  တွင် ရေးသားဖော်ပြထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Total Views ~ 369

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43277

© 2022 - 2025 News. All Rights Reserved.