ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၉၆၉ ကျောင်းကို နိုင်ငံတော်မှ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

ရန်ကုန်၊ မေ ၂၈
    ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၉၆၉ ကျောင်းကို နိုင်ငံတော်မှ ဗလာစာအုပ် ၈၆၉၈၇၄ ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ် ၆၇၂၃၀၇၉ အုပ်၊ ခဲတံ ၉၈၄၂၁၅ ဒါဇင်၊ ဘောလ်ပင် ၅၈၇၆၃ ဒါဇင်၊ ကျောင်းဝတ်စုံ ၆၃၆၉၈၅ စုံတို့အား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
    ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် KG+9 ပညာရေးပြီး မြောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထားကာ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။
    ''ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အခွင့်အလမ်းကောင်းတွေကို နိုင်ငံတော်အစိုးရက ဖန်တီးဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်။ ပညာသင်ကြားခြင်းဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရာမှာ အလွန်အရေးကြီးတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပေါများလာစေဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါ တယ်။
    KG+9 အလယ်တန်းပညာရေးက တစ်ဆင့် အသက်မွေးပညာကျောင်းတွေကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်လို့ သတ်မှတ်အရည် အချင်းပြည့်မီရင် အဆင့်မြင့် ပညာရေးကို တက်ရောက်သင် ကြားနိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွင်း ပညာတတ်များပေါများမှသာ အေးချမ်းတည်ငြိမ်တဲ့ လူ့ အဖွဲ့အစည်းကိုဖန်တီးနိုင်မှာဖြစ်လို့ အခြေခံအကျဆုံးဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနဲ့ KG+9 ပညာရေး ပြီးမြောက်ရေးကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် သဘောထာပြီး အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုပါတယ်"ဟု ၎င်းက ပြောသည်။
    မေလ ၂၃ ရက်က ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

Total Views ~ 394

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43125

© 2022 - 2025 News. All Rights Reserved.