ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၁
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး (၂^၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကု သမှု ခံယူနေသဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သ လို ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ယာယီသမ္မတ တာဝန်ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
    ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနစ်နှင့်အညီ လွှဲပြောင်းအပ်နှံခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင် ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှု အခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလ ကြေညာပြီး နှစ်နှစ်ပြည့်မြောက်သည့် အချိန်တွင် ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှု မရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိအောင် ဆောင်ရွက်နေမှုများ အခြေအနေများ၊ ဝိသမလောဘ စီးပွားရေးသမားများ၏ နိုင်ငံတော် စီးပွားရေးကျ ဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေး ကဏ္ဍမြှင့်တင်ပေးနေမှု အခြေအနေများ၊ ပြည်သူအားလုံး၏ ကျန်းမာရေးအ ဆင့်အတန်း ပိုမိုမြင့်မား လာစေရေး ထောက်ပံ့ဖြည့်ဆည်းပေးနေမှု အခြေအနေများ၊ စိုက် ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာတင်ပြ၍ NUG,PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက် ရန် လိုအပ်နေမှု အခြေအနေများ၊ ရွေး ကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများ ရရှိရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်း ဆောင်ခွင့်ကို ထပ်မံ၍ ခြောက်လသက်တမ်း တိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြသည်။
    ထို့နောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြ ချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၊ အထူးဖိတ် ကြားထားသူများက ဝိုင်းဝန်း သုံးသပ် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံးက ဖွဲ့ စည်းပုံအခြေ ခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ ]]နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထား သည့် ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း" တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး (၂၂၀၂၄)အား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

Total Views ~ 374

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43270

© 2022 - 2025 News. All Rights Reserved.