ဗဟန်းမြိုနယ်ရှိ စင်္ကာပူသံရုံးရှေ့တွင် ယာဉ်တိုက်မှု ၁၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ 

ရန်ကုန်တိုင်း၊ဗဟန်းမြိုနယ်ရွှေတောင်ကြား ၂ ရပ်ကွက် ဓမ္မစေတီလမ်း စင်္ကာပူသံရုံးရှေ့တွင် ယနေ့(ဒီဇင်ဘာ ၂၁)နံနက် ၈: ၁၀ နာရီ အချိန်က ယာဉ်တိုက် ဖြစ်ပွား မှု ဖြစ်ပွားခဲ့ရာ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။




အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကျား ၃ ဦး၊မ ၉ ဦး ပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများတွင် ကျား ၃ ဦး မ ၅ ဦး ကျောရိုးထိခိုက်မှုဖြစ်ခဲ့ကြောင်း ဗဟန်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ ၁၂ ဦးအား ဗဟန်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ရွှေဂုံရိပ်မွန် အသင်းမေတ္တာစေတနာ့ အသင်း လူနာ တင်ယာဉ်ဖြင့် ပူပေါင်း၍ ဒဏ်ရာရ လူနာများအား ရှေးဦးပြုစုခြင်း ပြုလုပ်ဆောင်ကာရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Total Views ~ 192

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.